NewsPolitic

PDF ထောက်ပံ့စရိတ် ကန်ဒေါ်လာ ၂၅သန်း သုံးစွဲထားပေမယ့် အညာဒေသဘက်မရောက်

အာရက္ခတိုင်းမ်စ် (၈ မေ ၂၀၂၅)

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးအဖွဲ့ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းချိန်ကနေစပြီး ယနေ့အချိန်ထိ ထောက်ပံ့စရိတ်အဖြစ် အမေရီကန်ဒေါ်လာ ၂ု၄ ဒသမ ၉ သန်းနီးပါးအထိ သုံးစွဲထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက မေ ၇ ရက်နေ့မှာ ထုတ်ပြန်ထားတယ်။

ထိုထောက်ပံ့စရိတ်အဖြစ်နဲ့‌ ပေးအပ်တာကလဲ ၂၇ ကြိမ် တိတိ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရတယ်။

မြန်မာနိုင်ငံအနှံ့မှာ ဖွဲ့စည်းထားတဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့ ၃၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ၂၇ ကြိမ် မြောက် တပ်ရင်းထောက်ပံ့စရိတ်အဖြစ် ခန့်မှန်း အမေရိကန်ဒေါ်လာ ၀ ဒဿမ ၉ သန်း သုံးစွဲထားတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရတယ်။

ထိုတပ်ရင်း‌ထောက်ပံ့စရိတ် ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂၂ ဒဿမ ၅သန်းက ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဉ်ရဲ့ ၃၄ လတာအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍငွေထဲက‌‌နေ ထုတ်နှုတ်သုံးစွဲထားတယ်ဆိုတာကိုလည်း ထုတ်ပြန်ထားပါတယ်။

“ NUG ကသာ ထောက်ပ့စရိတ် ၂၅ သန်းရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ အညာဒေသဘက်ကို မရောက်လာတာက အခုကတည်းကမဟုတ်ဘူး ကျွန်တော်တို့ စတင်ဖွဲ့စည်းကတည်းက မရောက်တာ။ ကျွန်တော်တို့ အသက်ရှင် တိုက်ပွဲဝင်ဖို့က ပြည်သူတွေက‌ပေးတဲ့ ကူညီမှုတွေ စားနပ်ရိက္ခာတွေ ပေးလို့သာ လှုပ်ရှားနိုင်တာပါ” လို့ အညာဒေသက နယ်မြို့မှာ လှုပ်ရှားနေတဲ့ PDF ရဲဘော်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးအဖွဲ့က‌တော့ ထောက်ပံ့မှု‌တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖိ့းအတွက် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် တတ်အားသရွေ့ပါဝင်ပေးရန်ကိုလည်း တိုက်တွန်းထားပါတယ်။

Photo by AFP

Related posts

ရက္ခိုင်မှာ AA က ကုန်စည်တွေ မပြတ်အောင် ကြိုးစားပေးနေ

Rakhita Times

စစ်တွေက ကျေးရွာနဲ့ ရပ်ကွက်အချို့ စစ်ကောင်စီက ဖိအားပေး ပြောင်းရွေ့ခိုင်း

Rakhita Times

ကျောက်တော်မြို့နယ်ကို စစ်ကောင်စီဗုံးကြဲ ၇ ဦးသေဆုံးပြီ၊ ၇ ဦး ဒဏ်ရာရ(Breaking News)

Rakhita Times

Leave a Comment