NewsPolitic

ကျောက်တော်မြို့နယ်ကို စစ်ကောင်စီဗုံးကြဲ ၇ ဦးသေဆုံးပြီ၊ ၇ ဦး ဒဏ်ရာရ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို ဒီကနေ့ မနက်ပိုင်းက အကြမ်းဖက် ဖက်ဆစ် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၇ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ကနဦး သိရပါတယ်။

သေဆုံးသွားသူနဲ့ ဒဏ်ရာရရှိသူတွေဟာ ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာက ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ ဒီကနေ့ နံနက် ၁၀ နာရီခွဲ အချိန်က ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာနဲ့ ကန်စောက်တောင်တန်းကို တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလိုမျိုး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင်ဖိုကျေးရွာမှ လူနေအိမ် (၄) ဆောင်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အာရက္ခတိုင်းမ်စ် အနေနဲ့ အသေးစိတ်ကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ကပစ (၁၆) အနီး ကာကင်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

Rakhita Times

စစ်တွေမှာ မွတ်ဆလင်ရွာတချို့ကို စစ်ကော်မရှင် ဖယ်ခိုင်းနေ

Rakhita Times

စစ်တွေမှာ ကလေးနဲ့ လူကြီး တောင်းရမ်းသူ ပိုမိုများပြားလာ

Rakhita Times

157 comments

Leave a Comment