EnvironmentNewsPolitic

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်ကျော်နေ

အာရက္ခတိုင်းမ်စ် (၂၄ မေ ၂၀၂၅)

ရှမ်းပြည် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက် မြန်မာစံတော်ချိန် ၈ နာရီအချိန်ခန့်ရဲ့ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့ (လွယ်တော်ခန်းကျေးရွာ) မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက် နှစ်ရက်အတွင်း ၃ ပေ အထက် မြင့်တက်လာနိုင်တာကြောင့် စိုးရိမ်ရေမှတ်ကျော်မှာ ဆက်လက်ရှိနေပါမယ်လို့ ထုတ်ပြန်ထားပါတယ်။

စိုးရိမ်ရေမှတ်ကို ကျော်နေတာကြောင့် တာချီလိတ်မြို့အတွင်း မြစ်ကမ်းအနီးနဲ့ မြေနှိမ့်ပိုင်း ဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ အထူးသတိပြု နေထိုင်သင့်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက် ကလည်း မယ်ဆောင်ချောင်းရေတက်မှုကြောင့် တာချီလိတ်မြို့နယ်က တာလော့၊ ဆန်ဆိုင်း၊ မယ်ခေါင်၊ မကာအိုခမ်း၊ ပုန်းထွန် စတဲ့ရပ်ကွက်တွေမှာ နေထိုင်တဲ့ဒေသခံ ၁၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

ရှမ်းပြည်က တာချီလိတ်မြို့ဟာ နှစ်စဉ်နှစ်တိုင်း မိုးရွာသွန်းမှုများပြီး ရေကြီး‌တဲ့မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

Related posts

ငါ့ဘဝရဲ့ နိုင်ငံရေး တော်လှန်ရေး မြစ်ဖျားခံရာ

Rakhita Times

မင်းပြားနဲ့ ကျောက်တော် ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦး အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး နဲ့ ကလေး ၁ ဦး သေဆုံး

Rakhita Times

ရန်ကုန်တွင် ကိုဗစ် – ၁၉ လူနာအသစ် တွေ့

Rakhita Times

1,333 comments

Leave a Comment