NewsPolitic

AA ကို ကျေးဇူးတင်ကြောင်း MTC/MDF ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၅)

သင်တန်းကာလအတွင်း လိုအပ်တာတွေကို ကူညီပံ့ပိုးပေးတဲ့ AA ကို ကျေးဇူး အထူးပင် တင်ရှိပါတယ်လို့ MTC/MDF က ထုန်ပြန်ခဲ့ပါတယ်။

ချင်းပြည်၊ မရာဒေသတွင် အာရက္ခတပ်တော် (AA) ရဲ့ ကူညီပံ့ပိုးမှုနဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ် (MTC/MDF) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ MTC/MDF က မနေ့က ဇွန်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်ချက်ခဲ့ပါတယ်။

“ သင်တန်းကာလအတွင်း လိုအပ်တာတွေကို ကူညီပံ့ပိုးပေးတဲ့ AA နဲ့ ပြည်တွင်း/ပြည်ပရှိ မရာပြည်သူလူထုများကိုလည်း ကျေးဇူး အထူးပင် တင်ရှိပါတယ်” လို့ MTC/MDF က ဆိုပါတယ်။

အသက် ၁၈ နှစ် ကနေ ၄၅ နှစ် အောက် မရာပြည်သူတိုင်း ဓမ္မဆရာ နဲ့ ကျန်းမာရေးချွင်းချက်ကလွဲပြီး မဖြစ်မနေ စစ်မှုထမ်းရန် ဥပဒေကို MTC/MDF က ထုတ်ပြန်ခဲ့ပါတယ်။

MTC/MDF ဟာ ချင်းညီနောင် (CB) အဖွဲ့ဝင် ဖြစ်ပြီး အာရက္ခတပ်တော် (AA) ရဲ့ မဟာမိတ်ဖြစ်သလို အာရက္ခတပ်တော်ရဲ့ လက်နက်ခဲယမ်း အများဆုံး ကူညီထောက်ပံ့မှုရရှိထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

မရာလဲန်းကာကွယ်ရေးတပ်ဟာ ချင်းပြည်က မတူမြို့နယ်၊ လိုင်လင်းပီမြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်ရှိ မရာဒေသများကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Related posts

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီ ဗုံးကျဲ၊ ဘုန်းတော်ကြီးကျောင်းပျက်စီး၊ ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

Rakhita Times

မြောက်ဦးမှာ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

Rakhita Times

စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့

Rakhita Times

1 comment

vytyazhnye zaklepki 85 ဖေ‌ဖော်ဝါရီ 2, 2026 at 8:26 မနက်

заклепка вытяжная 2.4 мм заклепка вытяжная увеличенная

Reply

Leave a Comment