NewsPolitic

အသတ်ခံလိုက်ရတဲ့ သံတွဲသား ကို မနက်ဖြန် သင်္ဂြိုလ်မည်

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၅)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ထွေ/အုပ် ရုံးတွင် ဇွန်လ ၁၁ ရက် မနက် ၁၀ နာရီခန့်က သံတွဲသား ၁ ဦး ဓါးထိုး အသတ်ခံရလိုက်ရပြီး အသတ်ခံလိုက်ရသူကို မနက်ဖြန် (ဇွန် ၁၅) တွင် ရေဝေးသုဿာန် VIP အဆောင်သစ်တွင် မီးသင်္ဂြိုလ်မယ်လို့ သိရပါတယ်။

အသတ်ခံရသူမှာ သံတွဲမြို့နယ် နန်းချောင်းကျေးရွာက ဦးအောင်မြသန်း နဲ့ ဒေါ်ရီတို့ရဲ့ သားဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်မြင့်မြတ်ဖြစ်ပြီး သူဟာ မရမ်းကုန်း ထွေ/အုပ်ရုံးတွင် စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

“မနက်ဖြန် ၁၂ နာရီ ခွဲ မှာ မီးသင်္ဂြိုလ်ပါမယ်။ နေအိမ်ကနေပြီးတော့ ၁၀ နာရီခွဲမှာ စတင် ထွက်ခွာပါမယ်” လို့ ကိုအောင်မြင့်မြတ် နဲ့ ဆွေမျိုးသားချင်း တော်စပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ အောင်မြင့်မြတ်ကို ဓါးနဲ့ ထိုးသတ်သွားသူ အသတ် ၅၃ နှစ်အရွယ် ကိုကျော်စိုးမင်းဟာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယခုအချိန် ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

Related posts

မောင်တောတွင် ARSA, RSO ထောင်တဲ့မိုင်းနင်းမိလို့ မွတ်ဆလင်တဦး ခြေတဖက်ပြတ် ဒဏ်ရာရ

Rakhita Times

ရွေးတုအစိုးရက ကမ်းစပ် ၃ နေရာကို လက်နက်ကြီးနဲ့ပစ်၊ ၁ ဦး သေဆုံးပြီး ငါးဖမ်းလှေ ၁ စီး မီးလောင်ပျက်စီး

Rakhita Times

တရုတ်အနေနဲ့ ရက္ခိုင်တိုက်ပွဲအပေါ် ဖိအားပေးလာနိုင်လား

Rakhita Times

172 comments

Leave a Comment