EnvironmentNews

သံတွဲချောင်းရေ ပြန်တက်နေလို့ ဒေသခံတွေ စိတ်ပူနေ

အာရက္ခိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်တွင် သံတွဲချောင်းရေ ပြန်တက်နေလို့ ဒေသခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

“ရေက ပြန်ကျပြီး အခု ပြန်တက်နေတယ်။ ချောင်းဖျားမှာ မိုးကောင်းနေတော့ ရေက ပြန်တက်တာပေါ့။ ဒီတနေ့လုံးလည်း သံတွဲမှာလည်း မိုးက ကောင်းကောင်းကို ချနေတာ” လို့ သံတွဲမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက်ကလည်း သံတွဲမြို့ပေါ်က ရပ်ကွက်အချို့နဲ့ ကျေးရွာအချို့မှာ ရေနစ်မြုပ်ခဲ့ပါတယ်။

“လူတွေ စိုးရိမ်နေကြတာက ညဘက်ကြီး ရေတက်မှာကိုပဲ။ အရင်တုန်းကလို လျှပ်စစ်မီးကလည်း ရှိတာမဟုတ်ဘူး။ မှောင်မှောင်မဲမဲနဲ့ ရေတက်လာရင် ပြောင်းရွှေ့ရတာ မလွယ်ဘူးလေ။ အဲဒါကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘုန်းကြီးကျောင်းကို ကြိုပို့ထားရတယ်” လို့လည်း သူက ထပ်မံပြောပါတယ်။

ရက္ခိုင်ပြည်တွင် ၂၀၂၅ ခုနှစ် ဇွန်လကုန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းလို့ လူဦးရေ ၁၂၀၀၀ ကျော် အရေးပေါ် အကူညီလိုနေတယ်လို့လည်း သိရပါတယ်။

“လက်ရှိ ရေလွှမ်းမိုးခံရတဲ့ ဒေသများကို HDCO က သွားရောက်ပြီး အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနဲ့အတူ ရေဘေးသင့် အချက်အလက်များကိုပါ ကောက်ခံလျက်ရှိပါတယ်။ လက်ရှိ ကောက်ခံထားတဲ့ စာရင်းများအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ (၉၀) က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက် ရှိပါတယ်” လို့ HDCO က ဆိုပါတယ်။

၂၀၂၅ ခုနှစ၊ ဇွန်လကုန်က စတင်ပြီး မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြိုနယ်တွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုမျာင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Related posts

နတ်ရေကန်တိုက်ပွဲကို စကမရဲ့ မစခ-၉၀၅ က လက်နက်ပစ်ကူပြီး ရိက္ခာကို လေကြောင်းကနေပို့နေ

Rakhita Times

စကမ ဟာ နိုင်ငံတကာရာဇဝတ်မှုကို ဗြောင်ကျကျ ချိုးဖောက်နေတယ်လို့ HDCO ထုတ်ပြန်

Rakhita Times

AA အတွက် လူသားအရင်းအမြစ် ရှားပါးခြင်းက စိန်ခေါ်မှုကြီးဖြစ်

Rakhita Times

5 comments

Leave a Comment