NewsPolitic

နတ်ရေကန်တိုက်ပွဲကို စကမရဲ့ မစခ-၉၀၅ က လက်နက်ပစ်ကူပြီး ရိက္ခာကို လေကြောင်းကနေပို့နေ

အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၆)
‎
‎မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းရှိ နတ်ရေကန်ဗျူဟာကုန်းအနီးတွင် ဖြစ်ပွားနေတဲ့တိုက်ပွဲကို စစ်ကော်မရှင်ရဲ့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးနေတယ်လို့ သိရပါတယ်။

“နတ်ရေကန်ကို သွားတဲ့ လမ်းနှစ်လမ်းရှိတယ်။ အဲဒီနှစ်လမ်းလုံးကို စစ်တပ်က အသုံးပြုပြီးသွားတယ်။ လမ်းတဝက်မှာပဲ AA နဲ့ PDF တွေက ကြားဖြတ်တိုက်လို့ တပ်ပျက်တယ်။ ပြန်လွှတ်တယ်။ အခုတော့ မစခ-၉၀၅ ကနေ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးနေတယ်” လို့ အမည်မဖော်လိုသူ ငဖဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
‎
စစ်ကော်မရှင်တပ်သားတွေဟာ နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်ရန် ချီတက်လာရာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တို့က ပဇီရွာနဲ့ ဂုတ်ကြီးကျေးရွာအနီးတွင် ဇန်နဝါရီ ၉ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
‎
အဆိုပါ ‎တိုက်ပွဲဖြစ်ပွားနေရာကို စစ်ကော်မရှင်ရဲ့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးနေသလို လက်နက်ခဲယမ်းတွေကိုလည်း ဇင်ပြွန်းရွာဘက်ကနေ နတ်ရေကန်ကို ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။
‎
“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမှာ စစ်သားတွေ ငတ်ပြတ်နေပြီ။ AA နဲ့အဖွဲ့က ဝိုင်းပိတ်ဆို့ထားတာလေ။ စစ်တပ်က စစ်ကြောင်းထိုးမရတော့ ရိက္ခာတွေကို ဒရုန်းရော Y12 ရော သုံးပြီး ပို့ပေးနေတယ်။ တချိုတဝက်တော့ စစ်သားဆီရောက်ပြီး တချို့တဝက်လည်း တော်လှန်ရေးအဖွဲ့တွေလက်ထဲ ရောက်သွားတယ် ကြားတယ်” လို့ သူက ထပ်မံပြောပါတယ်။
‎
‎စစ်‌ကော်မရှင်အနေနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၇ လက်အောက်ခံတပ်များအပြင် တပ်မ (၉၉)၊ တပ်မ (၈၈) လက်အောက်ခံတပ်များကိုပါ နတ်ရေကန် လမ်းကြောင်းကို ပို့ဆောင်ထားပြီး ထပ်မံထိုးစစ်ဆင်ရန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Related posts

နှစ်ပေါင်း ၁၀၀ လောက်မှာ တခါရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ဖို့လိုလို့ ဒေါက်တာညိုထွန်းအောင်ပြော

Rakhita Times

ရက္ခိုင်တွင် ငွေထုတ်ခ ဆက်လက် မြင့်တက်နေ

Rakhita Times

မာန်အောင်လေဆိပ်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဒေသခံ ခွင့်ပြုချက်မတောင်းဘဲ အသီးအရွက်နဲ့ ​ကြက်တွေကို ဖမ်းယူ ​စားသောက်နေ

Rakhita Times

196 comments

Leave a Comment