BusinessEnvironmentNewsPolitic

မင်းပြားက ရေမြုပ်လယ်သမားတွေကို AA မျိုးစပါး ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၆ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်က ရေနစ်မြုပ်ခဲ့တဲ့ လယ်သမားတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါးထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

“ မင်းပြားမှာတော့ လောလောဆယ် စပါးတောင်း ၁၀၀၀ ကျော်ပေးပါတယ်။ အခုလို ပေးတာက ဒုတိယအကြိမ်လို့လည်း သိရတယ်။ ပထမက မြောက်ဦးမှာလို့ သိရပါတယ်” လို့ မင်းပြားဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရက္ခိုင်ပြည် မင်းပြားမြို့နယ်က ပန်းမြောင်းကြီးချောင်း တလျှောက်ရှိတဲ့ ချင်းဆိပ်၊ တောတန်း၊ မြင်းကဆိပ်၊ ဝါးတောင်၊ ဒုံကြီးနဲ့ ကုလားမတောင် ကျေးရွာက လယ်သမားတွေကို ဒီနေ့ မနက် ၁၁ နာရီခန့်မှာ မျိုးစပါးထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“ မြင်းကဆိပ်ရွာကို စပါးတောင်း၂၀၀၊ ဝါးတောင်ရွာကို စပါးတောင်း ၆၀၀၊ တောတန်းရွာကို စပါးတောင်း ၄၀၊ ဒုံကြီးရွာကို ၁၀ တောင်း၊ ကုလားမတောင်ရွာကို ၁၅ တောင်း၊ ချင်းဆိပ်ရွာကို စပါးတောင်း ၁၅၀ ရွာ ၆ ရွာခ တွက် စပါးတောင်း စုစုပေါင်း ၁၁၁၅ တောင်း ထောက်ပံ့ပေးခဲ့တယ်” လို့ မင်းပြားမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါး တောင်း ၂၅၀ ပေးခဲ့တဲ့ ကျေးရွာတွေကတော့ မြောက်ဦးမြို့နယ်က ကျွဲတဲ၊ ဘူးတလုံး၊ အမြောက်တောင် နဲ့ နဂါးကွေ့ စတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

AA ကို ‘ဝ’ က လက်နက်ထောက်ပံ့ပေးတာ မဖြစ်နိုင်၊ သူ့ဘာသာ သူ ဝယ်သုံးတာ ဖြစ်နိုင်

Rakhita Times

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

Rakhita Times

ရက္ခိုင်က အမျိုးသမီးအချို့ တရုတ်ဇနီးမယားအဖြစ် သွားရောက်လုပ်ကိုင်နေ

Rakhita Times

2 comments

production company ဇန်နဝါရီ 5, 2026 at 11:30 မနက်

need a video? film production company in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

Reply
Stanleynutty ဇန်နဝါရီ 7, 2026 at 5:27 ညနေ

Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

Reply

Leave a Comment