NewsPolitic

စစ်အုပ်ချုပ်ရေးကြေညာမှု အချုပ်အခြာကို သူတို့ပိုင်ကြောင်း ပြချင်တာဖြစ်နိုင်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၃ ဩဂုတ် ၂၀၂၅)

မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာတာဟာ အချုပ်အခြာအာဏာကို သူတို့ပိုင်ကြောင်း ပြချင်တဲ့ သဘောဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေအပါအဝင် တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်တပ်က ဇူလိုင် ၃၁ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။

ဒေါက်တာလှကျော်ဇောက “သူတို့ရဲ့သဘောကတော့ အားလုံးကို ပြန်သိမ်းချင်တဲ့ဂိုက်ပေါ့။ တကယ်တော့ စစ်အုပ်ချုပ်ရေးကို ‘ဝ’ နယ်တို့၊ မိုင်းလားတို့ အဲဒါတွေပါ ကောက်ထည့်ထားတာ အံ့ဩဖို့တောင်ကောင်းတယ်။ ဒါပေမယ့် တစ်ခုရှိတယ်။ သူတို့က ပြောချင်တာတော့ ဗမာတစ်ပြည်လုံးရဲ့ အချုပ်အခြာအာဏာပိုင်ဟာ တို့ပဲဖြစ်တယ်ဆိုတာ ပြချင်တာပေါ့။ အဲဒီအတွက်လုပ်တာပါ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှာ အာဏာသက်တမ်း ၆ လတိုးထားတာဟာ ပြည့်သွားတဲ့အတွက် ကာ/လုံကို အာဏာပြန်အပ်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာထားမှုကနေ ရုတ်သိမ်းလိုက်တာပါ။

အဲဒီလိုပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစား နိုင်ငံ‌တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဆိုပြီး အသစ်ဖွဲ့စည်းလိုက်သလို ပြည်ထောင်စုအစိုးရအဖွဲ့အပြင် ကာ/လုံကပါ နိုင်ငံကို အုပ်ချုပ်နေတာဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ အာဏာရှင်စနစ်ကို ရတဲ့နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ဆက်ကိုင်မယ့်သဘောဖြစ်တယ်လို့ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူတို့က ဒီလို သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ကိုင်တွယ်ထားဖို့ပဲလေ။ အဲဒီ‌တော့ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ အချို့အချက်တွေကို ယူပြီးတော့ သူတို့ဆက်ချင်သလို လှည့်ပြောနေတယ်ထင်တယ်။ ကျမတို့ကတော့ ဘာမှသိပ်မှတ်ချက် ပေးစရာမရှိဘူး။ စစ်ကောင်စီရဲ့လမ်းကတော့ တစ်စက်မှလျှော့မှာမဟုတ်ဘူး။ သူ့စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆက်ကိုင်မယ်ဆိုတာပဲ။ အဲဒီတော့ ကျမတို့ပြည်သူလူထုဘက်ကလည်း အပြတ် ဖြစ်နေပြီလေ။ ဒီဖက်ဆစ်စစ်တပ် အမြစ်ပြတ်မှဖြစ်မယ်ဆိုတာ သိပြီးသားဆိုတော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြတာပေါ့။ သူလည်း သူ့အလုပ်သူလုပ်တယ်လို့ပဲ ပြောလို့ရမှာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း စစ်ရေးနဲ့ နိုင်ငံ‌ရေးအကဲခတ်တွေက သုံးသပ်နေကြတာပါ။

Related posts

စကမ ထိန်းချုပ်ထားတဲ့ မြို့သုံးမြို့မှာ ကြက်သွန်အပြင် စက်သုံးဆီပါ ဈေးမြင့်နေ

Rakhita Times

သံတွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး သေဆုံး

Rakhita Times

ကျိန္တလီကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ဦး အပါ ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment