NewsPolitic

ANP လွှတ်တော်ကိုယ်စားဟောင်းတဦး အလောင်း ရန်ကုန် အင်းလျားကန်မှာ တွေ့

အာရက္ခတိုင်းမ်စ် (၁၅ သြဂုတ် ၂၀၂၅)

ပျောက်ဆုံးနေတဲ့ စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားဟောင်း ဦးအေးသိန်းရဲ့ ရုပ်အလောင်းကို သြဂုတ်လ ၁၃ ရက် ညပိုင်းက ရန်ကုန်မြို့ အင်းလျားကန်အတွင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ ၁၃ ရက်နေ့ မနက်ပိုင်းက ပျောက်သွားလို့ မိသားစုတွေလိုက်ရှာတယ်။ လိုင်းပေါ်လည်း တင်ရှာတယ်။ ညရောက်တော့ ပရဟိတအသင်းတခုက အင်းလျားကန်မှာ အသက် ၇၈ နှစ်အရွယ် အလောင်းတွေ့တယ်ဆိုလို့ သွားကြည့် ဦးအေးသိန်း အလောင်းဖြစ်နေတယ်” လို့ ဦးအေးသိန်းနဲ့ ရင်းနှီးသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားဟောင်း ဦးအေးသိန်းဟာ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားနေလို့ ရန်ကုန်မြို့ကို ဆေးကုသရန် လာရောက်နေသူလည်း ဖြစ်ပါတယ်။

“ ကျန်ရှိနေတဲ့ ရုပ်အလောင်းကို ဒီနေ့ ညနေ ၄ နာရီမှာ ရေဝေးသုဿာန်မှာ မီးသင်္ဂြိုလ်ပါမယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက ဦးထွန်းအောင်ကျော်က “ရခိုင်အမျိုးသားပါတီရဲ့ ရခိုင်ပြည် စစ်တွေမြို့ မြို့သူကြီးရပ်ကွက် ပန်းခြံလမ်းနေ ဦးအေးသိန်း အသက် (၇၈) နှစ် ရခိုင်အမျိုးသာပါတီ ANP စစ်တွေမြို့နယ် ပါတီ ဥက္ကဋ္ဌဟောင်း သည် ၁၃-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်သူ မိသားစုများနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရသည်” လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။

ဦးအေးသိန်းဟာ ရခိုင်အမျိုးသားပါတီရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ခုနှစ်ကနေ ၂၀၂၀ခုနှစ် အထိထိ ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Related posts

စကမ ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီးစာရင်းတွင် ရက္ခိုင်မှ အများဆုံးပါဝင်

Rakhita Times

စစ်တွေဒေသခံများ စစ်ဖြစ်ဖို့ထက် ထမင်းငတ်မှာကို ကြောက်နေ

Rakhita Times

ရက္ခိုင်တပြည်လုံး ပုဂ္ဂလိကဘဏ် လည်ပတ်မှု ရပ်ဆိုင်း

Rakhita Times

3 comments

Leave a Comment