NewsPolitic

ကျောက်ဖြူ သပြုတောင်ရွာကို စစ်ကော်မရှင် မီးရှို့ဖျက်စီး (Breaking News)

အာရက္ခတိုင်းမ်စ် (၁၆ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် သပြုတောင်ရွာကို ဒီကနေ့ နေ့လည် ၁၂ နာရီ ခွဲလောက်က စစ်ကော်မရှင်တပ်သားများ ဝင်ရောက်မီးရှို့ဖျက်စီးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

“ ကျောက်ဖြူအခြေစိုက် ခမရ ၅၄၃ တပ်ရင်းက တပ်သားတွေ ရွာထဲဝင်ပြီး အိမ်တွေကို မီးရှို့သွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ကုလဘာ၊ လိပ်ခမော်ရွာသစ် နဲ့ ရွာဟောင်းကိုလည်း သြဂုတ်လ ၁၄ ရက်က ဒရုန်းနဲ့ လာရောက် ဗုံးကြဲ ဖျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဒီကနေ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း တင်ပြပေးသွားပါမယ်။

Photo – APM

Related posts

ကလေးမြို့ နဲ့ ချင်းပြည်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းရတဲ့ ဆင်းကဒ်ကို ကျပ် ၅၀၀၀၀ ပေးဝယ်နေရ

Rakhita Times

TNLA ထိန်းချုပ်နယ်မြေတွေကို MNDAA ထိုးစစ်ဆင်နေ

Rakhita Times

ပဲခူးတိုင်းက AA သိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းများအာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၅)အာရက္ခတပ်တော် က ပဲခူးတိုင်းအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တေွကို ဗိုလ်ချုပ်ထွန်းမြတ်နို်င်က သူရဲ့ twitter တွင် ဖော်ပြထားပါတယ်။

Rakhita Times

Leave a Comment