BusinessNewsPolitic

ကလေးမြို့ နဲ့ ချင်းပြည်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းရတဲ့ ဆင်းကဒ်ကို ကျပ် ၅၀၀၀၀ ပေးဝယ်နေရ

အာရက္ခတိုင်းမ်စ် (၁၀ မေ ၂၀၂၅)

စစ်ကိုင်းဒေသကြီး ကလေးမြို့နဲ့ ချင်းပြည်တွေမှာဆိုရင် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်မှုကြောင့် ဖုန်းလိုင်းရရှိတဲ့ ဆင်းကဒ်တစ်ကဒ်ကို မြန်မာငွေကျပ် ၅၀၀၀၀ နီးပါးထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာဆိုရင် ဆင်းကဒ်တစ်ကဒ် မှတ်ပုံတင်ပြီးသားကို ငွေကျပ် ၂၀၀၀၀ နီးပါးခန့် ဈေးပေါက်တယ်လို့လည်း သိရပါတယ်။

“ဖုန်းလိုင်းက မကြာမကြာ အဲဒီလို ပြတ်ပြတ် သွားတတ်တယ်။ တခါတလေဆို ဘာလိုင်းမှ မရဘူး။ တခါတလေလည်း အော်ရီဒူး ရတဲ့အခါရှိသလို MPTပဲ ရတာ ရှိတယ်။ အခု ဆယ်ရက်နီးပါး ရှိနေပါပြီ။ လိုင်းပြတ်တာ၊ ကလေးမြို့ရော၊ ချင်းပြည်နယ်ရောပါ” လို့ ကလေးမြို့ခံ ပြည်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဆင်းကဒ် တစ်ကဒ်ကို ငွေကျပ် ၅၀၀၀၀ နီးပါးခန့် ပေးရပေမယ့် တစ်ခါတလေ ပစ္စည်းပျက်လပ််မှုတွေ ရှိတာကြောင့် ရန်ကုန်ကို လေယာဉ်နဲ့ မှာယူ ဝယ်သုံးနေတာကိုလည်း သိရပါတယ်။

“ဒီဘက်မှာက လိုင်းပျောက်ရင် အော်ပရေတာတွေပါ အကုန်ပျောက်တယ်။ တချို့ ရတဲ့ ကဒ်ရှိတယ်ဆိုရင် အဲ့ကဒ်ကို ဈေးပိုတင် ရောင်းလိုက်တာပါ။ ဒါတောင် မှတ်ပုံတင် တင်ပြီး မဟုတ်သေးဘူး။ ကျွန်တော်ဆို ကဒ်အကုန် ကိုင်ထားရတယ်” လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တိုင်းရင်းသားပြည်နယ်တချို့ရှိ ဒေသများတွင် အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် ဆက်သွယ်ရေးစက် (Device အစုံ) အလုံးပေါင်း (၂၀၀) နီးပါးခန့် တပ်ဆင်ထားပြီး ဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

“NUG ကသာ ဘယ်မြို့တွေ ဘယ်တိုင်းရင်းသားဒေသတွေသာ ဆောင်ရွက်ပေးတယ် ဆိုပေမဲ့ ကျွန်တော်တို့ ကချင်ပြည်နယ် မရသေးပါဘူး။ စတားလင့်ကို တစ်လ ၄သိန်းကျော်ဆောင်နေရပါတယ်။ အီလွန်မက်ရဲ့ စက်တွေပါ။ NUG က လုပ်ပေးထားတာ မဟုတ်ပါဘူး” လို့ မြစ်ကြီးနားမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် (၂၂) မြို့နယ် ရှိ၊ ကျေးရွာပေါင်း (၇၈) ရွာတွင် ပြည်သူများ အင်တာနက် ပြတ်တောက်မှု မရှိစေရေးနဲ့ ကျောင်းသား/သူများ အွန်လိုင်းပညာရေး အဆက်မပြတ် လေ့လာသင်ယူနိုင်စေရန်အတွက် Federal Net အင်တာနက်ကွန်ယက် သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိ အချိန်အထိ Federal Net အင်တာနက် နေ့စဉ် ပျမ်းမျှသုံးစွဲသူ (၁၂၃,၀၀၀) ဦးခန့် ရှိလို့လည်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Related posts

ဗုံးကြဲတိုက်ခိုက်မှုတွင် ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့ကြောင်း AA အတည်ပြု

Rakhita Times

96 Soldiers PDF တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား AA တက်ရောက်

Rakhita Times

သံတွဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ဘေးရှောင်ပြည်သူ ၈ ဦး ဒဏ်ရာရ

Rakhita Times

101 comments

Leave a Comment