NewsPolitic

ကျောက်ဖြူကို ဒရုန်းနဲ့ ဗုံးကြဲချလို့ ပြည်သူ ၂ ဦး သေ ၅ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၇ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂေါ်တူရွာကို စစ်ကော်မရှင်ကနေ ဒရုန်းနဲ့ သြဂုတ်လ ၁၆ ရက် နေ့လည့် ဗုံးလာကြဲလို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ လိပ်ခမော်ရွာကနေ စစ်လာရှောင်နေကြတာ။ စစ်ရှောင်နေတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးလာကြဲတာ” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဒရုန်း‌ကြောင့် သေဆုံးသွားသူမှာ လိပ်ခမော်ရွာသစ်က အသက် ၅၁ နှစ်အရွယ် ဒေါ်မကျန်သိန်း နဲ့ အသက် ၄၈ နှစ်အရွယ် ဦးဇော်မြင့်အေး တို့ပဲ ဖြစ်ပါတယ်။

ထိခိုက် ဒဏ်ရာရရှိခဲ့သူတွေကတော့ လိပ်ခမော်ရွာသစ်က အသက် ၄၈ နှစ်အရွယ် ဦးမောင်နိုင်ဝင်း၊ အသက် ၅၂ နှစ်အရွယ် ဦးဂျွန်ဆင်၊ အသက် ၆၅ နှစ်အရွယ် ဦးမောင်အေးဖြူ နဲ့ ဂေါ်တူရွာဟောင်းက အသက် ၄၃ နှစ်အရွယ် ဦးခင်မောင်မြင့်၊ အသက် ၂၄ နှစ်အရွယ် ကိုစိုးဝင်းနိုင်တို့ပဲ ဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်မှာပဲ စစ်ကော်မရှင်ရဲ့ ခမရ ၅၄၃ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဂေါ်တူရွာဟောင်းက နေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။

အလားတူ စစ်ကော်မရှင်ရဲ့ နေဗီကနေ သြဂုတ်လ ၁၄ ရက် ညနေပိုင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောက်ဖြူမြို့နယ် လိပ်ခမော်ရွာဟောင်းက ဒေသခံပြည်သူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။
Photo – APM

Related posts

မန္တလေးတိုင်းက ငလျင်သင့် ကျောင်းသားတွေ ကျောင်းတက်နိုင်ရန် ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့မည်

Rakhita Times

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ၁ ဦးသေဆုံး

Rakhita Times

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times

2 comments

vytyazhnye zaklepki 93 ဖေ‌ဖော်ဝါရီ 2, 2026 at 8:25 မနက်

заклепка вытяжная 3.2 заклепка вытяжная

Reply
NelsonBeecy ဖေ‌ဖော်ဝါရီ 2, 2026 at 7:46 ညနေ

За год использования кракен маркет даркнет ни разу не подвёл с доступом

Reply

Leave a Comment