NewsPolitic

ပြိန်းချောင်းရွာ လူသတ်တရားခံ အချုပ်ခန်းက ထွက်ပြေး

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ပြိန်းချောင်းရွာတွင် ဓားပြတိုက် လူသတ်တရားခံ အချုပ်ခန်းထဲနေ ထွက်ပြေးသွားတယ်လို့ ကနဦး သတင်းရရှိပါတယ်။

“အခု တရားခံက သူသတ်ပါတယ်လို့လည်း ဝန်ခံထားတယ်။ လက်ခံပစ္စည်းနဲ့လည်း အတူတူ မိထားတာပါ” လို့ ကျောက်တော်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထွက်ပြေးသွားတဲ့ လူသတ် တရားခံဟာ ဇူလိုင်လ ၂၄ ရက်က လူသတ် ဓားပြတိုက်ကာ ရွှေ ၃ ကျပ်သားကျော်နဲ့ ငွေသားအချို့ ယူဆောင်သွားသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဝန်ခံထားတဲ့ လူတယောက်ကို တရားရုံးချိန်းပေါင်း ခေါ်ဆိုပြီးတော့ တရားမစီရင်ခင်မှာ ထွက်ပြေးတာဆိုတော့ တရားမစီရင်ချင်လို့လားလို့ မေးခွန်းထုတ်ချင်တယ်” လို့ ကျောက်တော်မြို့ နောက်ထပ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထွက်ပြေးသွားတဲ့ လူသတ်တရားခံဟာ အသက် ၃၅ နှစ် အရွယ် ကိုညီညီစိုး ဖြစ်ပြီး ဇာတိကတော့ ကြာညိုပြင်ရွာဖြစ်ပြီးတော့ အမှုမဖြစ်ခင်အထိ ပြိန်းချောင်းရွာတွင် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေသူဖြစ်တယ်လို့ သိရပါတယ်။

Related posts

AA က ငါးနဲ့ ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်းချက်များ ချမှတ်

Rakhita Times

စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

Rakhita Times

AA အတွက် လူသားအရင်းအမြစ် ရှားပါးခြင်းက စိန်ခေါ်မှုကြီးဖြစ်

Rakhita Times

215 comments

Leave a Comment