NewsPolitic

မင်းပြားတွင် သြဂုတ်လအတွင်း သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် သြဂုတ်လအတွင်း သိန်း ၆၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“မင်းပြားမှာ DLEPS က မူးယစ်ဆေးဝါး ရောင်းတဲ့သူရော သုံးတဲ့သူတွေပါ လိုက်ဖမ်းနေတာ။ မူးယစ်ကင်းစင်နယ်မြေတော့ ဖြစ်စေချင်တယ်။ လူငယ်တွေ လမ်းမှား မရောက်စေချင်ဘူး” လို့ မင်းပြားမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။၏

သြဂုတ်လ ၇ ရက် က မင်းပြားမြို့နယ် မင်းရွာတွင် မူးယစ်ဆေးဝါးရောင်းချနေတဲ့ လင်းမယား ၂ ဦး၊ သြဂုတ်လ ၂၇ ရက် နဲ့ ၂၈ ရက်တွင် ဥက္ကာပျံရပ်တွင် မူးယစ်ဆေးဝါး ရောင်းချသူနဲ့ သုံးစွဲသူ ၈ ဦး နဲ့ သြဂုတ်လ ၃၁ ရက်ကလည်း ခေါင်းလောင်းရွာဟောင်းတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ ၂ ဦး ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

“အများစု မိတာကတော့ WY အမျိုးအစားတွေ ဖြစ်တယ်။ ICE လည်း ပါတယ်လို့တော့ ကြားတယ်” လို့ သူက ထပ်မံပြောပါတယ်။

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ၁၉(က)၊ ၁၆(ဂ) နဲ့ အမှုဖွင့်ထားပြီး သုံးစွဲသူတွေကိုတော့ ပုဒ်မ ၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – APM

Related posts

AA ရဲ့ လက်နက်ကျည် စစ်သင်္ဘောကို ထိမှန်လို့ အစိတ်အပိုင်းတချို့ ပျက်စီးသွား

Rakhita Times

စစ်ကောင်စီမှ သေနတ်ဖြင့် အရပ်သား ၂ ဦး ကို ပစ်သတ်၊ ရွာသားအချို့ကို ဖမ်းဆီးထား

Rakhita Times

စစ်တွေက ဒုက္ခသည်စခန်းမီးလောင် အိမ်ထောင်စု ၃၀၀ ကျော် မီးဘေးသင့်

Rakhita Times

73 comments

Leave a Comment