NewsPolitic

သံတွဲနဲ့ ဂွ မြို့နယ်က စစ်သုံပန်း ၇၀ ခန့်ကို AA က ပြန်လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၂၂ စက်တင်ဘာလ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲ နဲ့ ဂွ မြို့သိမ်း တိုက်ပွဲတွေအတွင်းက လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်သုံပန်း (၇၀) ဦးခန့်ကို အာရက္ခတပ်တော် (AA) က လူသားချင်းစာနာမှုနဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးခဲ့တယ်လို့ သိရပါသည်။

တိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့ကြတဲ့ အဲဒီစစ်သုံ့ပန်းတွေကို ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီးတော့ အခုလို ပြစ်ဒဏ်ကင်းလွတ်ခွင့်‌ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီ စစ်သုံ့ပန်းတွေကို ဒီစက်တင်ဘာလအတွင်းက ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့တာဖြစ်ပြီး သက်ဆိုင်ရာမိသားစုတွေဆီ သေချာအပ်နှံပြီးလွှတ်ပေးလိုက်တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့အဆိုအရ သိရပါတယ်။

လွတ်ငြိမ်းနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် အညံ့ခံလာတဲ့ သူတွေကို အာရက္ခတပ်တော်( AA) က တစ်ဦးကို ငွေကျပ် (၁၀) သိန်းစီ‌ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်တောင်ပိုင်း ပလက်ဝအပါအဝင် ဘူးသီးတောင်၊ မောင်တောနဲ့ တခြား မြို့နယ်အချို့က မြို့သိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ၊ စစ်သုံ့ပန်းမိသားစုဝင်တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေကို AA က အသုတ်လိုက် လွှတ်ပေးခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့တာ လူဦးရေ (၁၂၆၆) ယောက်ရှိပြီလို့ ULA/AA က ထုတ်ပြန် ထားပါတယ်။

Related posts

ငပလီကမ်းခြေကနေ စစ်ကောင်စီနေဗီ ၃ စီး မြင်နေရလို့ ဒေသခံတွေ စိုးရိမ်နေ

Rakhita Times

မုဒိန်းမှု ကျူးလွန်သူကို အမြန်ဆုံး တရားစီရင်ပေးရန် ဗိုလ်ချုပ်ကတော် တောင်းဆို

Rakhita Times

စစ်တွေဒေသခံတွေကို လိမ်ပြီး မဲပေးနည်း သင်တန်းပေး

Rakhita Times

Leave a Comment