NewsPolitic

ကျောက်တော်ကို ဗုံးကြဲ ၁ ဦး သေဆုံး၊ အများအပြားဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့ကို ဒီနေ့ မိုးလင်းဝတွင် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။

စစ်ကောင်စီက ကျောက်တော်မြို့အနှံ့ကို ၄ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တယ်လို့ ကျောက်တော်မြို့ဒေသခံက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အကုန်လုံးက အိပ်ပျော်နေတဲ့အချိန်လေ။ မိုးလင်းဝ ၂ နာရီ နဲ့ ၃ နာရီ ကြားလောက်မှာ လာကြဲတာ။ အကုန် မပေါက်ကွဲလို့ တော်သေးတယ်။ လောလောဆယ် စာရင်းအရ ၁ ဦး သေတယ်။ ၂၀ ကျော် ဒဏ်ရာ ရတယ်” လို့ ကျောက်တော်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီ ဗုံးကြဲချခဲ့တဲ့ နေရာတွေကတော့ သမဝါယမရုံး၊ ပြည်တော်သာရပ်ကွက် ကတ ၆၊ ၇၊ ၈ လမ်း၊ မြို့သစ်ရပ်ကွက်နဲ့ ရှမ်းရွာရပ်ကွက် တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ သင်္ကြန်အကြိုနေ့ကလည်း ကျောက်တော်မြို့ကို ဗုံးကြဲခဲ့လို့ ဒေသခံအမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသူ အသေးစိတ်ကို ထပ်မံ တင်ဆက်ပေးပါမယ်။

Related posts

သင်္ကြန်အပြီးတွင် ရက္ခိုင်-ဘင်္ဂလားကုန်သွယ်ရေး စတင်နိုင်

Rakhita Times

မင်းတုန်းတိုက်ပွဲတွင် ရွေးတုတပ်က ဒုဗိုလ်မှူးကြီး ၂ ဦး သေဆုံးလို့ သတင်းထွက်ပေါ်

Rakhita Times

မင်းပြားမှာ ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

206 comments

Leave a Comment