BusinessNewsPolitic

စစ်တွေကယ်ဆယ်ရေးစခန်းမှာ ဆန်ရှိရုံဖြင့် အဆင်မပြေ၊ ပိုက်ဆံရှိမှ အဆင်ပြေ

အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရတဲ့ တိုက်ပွဲရှောင်တွေဟာ ဆန်ရှိပါက အဆင်ပြေမယ် ထင်ထားကြပေမယ့် လက်တွေ့မှာတော့ ဆန်ထက် ငွေကြေးရှိမှ အဆင်ပြေမယ့် အနေအထား ဖြစ်နေကြောင်း တိုက်ပွဲရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းက တိုက်ပွဲရှောင်တို့ဟာ NGO အဖွဲ့များနဲ့ စစ်ကော်မရှင် ဘက်မှ တစ်လတစ်ခါ ဆန်တွေ ထောက်ပံ့ပေးလျက်ရှိပြီး လူတစ်ဦးကို ဆန် ၁၅ သိုက်ဆီရကြောင်းလည်း သိရပါတယ်။

တိုက်ပွဲရှောင်တစ်ဦးက “အခက်အခဲဆို ပိုက်ဆံမရှိရင် အားလုံး အခက်အခဲပဲ။ အဓိက ပိုက်ဆံရှိမှ အားလုံး ပြည့်စုံပါတယ်။ ရေတွေ၊ မိုးတွေကတော့ အားလုံး အဆင်ပြေတယ်။ ပိုက်ဆံမရှိရင် တစ်ခုလည်း ဝယ်လို့ ခြမ်းလို့ စားလို့လည်း မရဘူး။ ဆန်ရောင်းရင်လည်း ၅ တောင်း ရောင်းမှ ၁ တောင်းလောက် ရောင်းရတယ်။ ပြီးတော့ ချက်လို့ စားဖို့က ဆန်တစ်ခုတည်း စားလို့ မပြီးဘူးလေ။ အားလုံး လုပ်ရတယ်။ အဲဒီ ဆန်ရှိမှ အဆင်ပြေမယ်လို့ ထင်တာ မပြေဘူး။  ပိုက်ဆံရှိမှ အားလုံး အဆင်ပြေမှာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ မဖြစ်ခင်က ကယ်ဆယ်ရေးစခန်းရှိ တိုက်ပွဲရှောင်တွေဟာ NGO အဖွဲ့အစည်းတွေထံကနေ စားနပ်ရိက္ခာအပြင် ငွေကြေးထောက်ပံ့မှု အချို့ကိုလည်း ရရှိခဲ့ကြပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ငွေကြေးထောက်ပံ့မှုတွေ မရတော့ဘဲ စားနပ်ရိက္ခာအဖြစ် ဆန်ကိုသာ ထောက်ပံ့ပေးနေတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်းတွေက တိုက်ပွဲရှောင်တွေမှာလည်း အလုပ်အကိုင် ရှားပါးလျက်ရှိနေပြီး အမျိုးသားတွေဟာ ဝပ်ရှော့တွေမှာ အလုပ်လုပ်ကိုင်နေကြသလို အမျိုးသမီးတွေက စက်ချုပ်ပညာကို သင်ကြားနေကြကြောင်းလည်း သိရပါတယ်။

Related posts

KNU တို့ ဟန်ချက်ညီညီ ဆက်တိုးကြမယ်ဆိုရင် စစ်ရေးပိုပြင်းထန်လာနိုင်

Rakhita Times

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတချို့မှာ အုပ်ချုပ်‌ရေး အာဏာပြတာတွေ ရှိနေ

Rakhita Times

မိုးတွင်းကာလ သင်္ဘောမရောက်မှာကို စစ်တွေဒေသခံတို့ စိုးရိမ်

Rakhita Times

10 comments

Leave a Comment