NewsPolitic

ARSA အဖွဲ့ဝင်တွေကို AA လိုက်လံချေမှုန်းနေ

အာရက္ခတိုင်းမ်စ် (၂၅ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည်အတွင်း အကြမ်းဖက် သတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့ ARSA အဖွဲ့ဝင်တွေကို အာရက္ခတပ်တော်အနေနဲ့ လိုက်လံ ချေမှုန်းနေတယ်လို့ သိရပါတယ်။

“ ၁၀ ရက်နေ့က ဘင်္ဂလားနယ်စပ် မိုင်တိုင် BP ၄၇ နဲ့ ၅၀ ကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်တယ်။ ARSA ဖက်က အကျအဆုံးများပြီး ဘင်္ဂလားဖက်ကို ထွက်ပြေးသွားကြတယ်” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ အာရက္ခတပ်တော်အနေနဲ့ စက်တင်ဘာလ ၂၃ ရက်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း တာရိန်းရွာအနီးကို ခိုးဝင်လာတဲ့ ARSA အဖွဲ့ဝင်တွေ လိုက်လံရှင်းလင်းရာ လက်နက်ခဲယမ်းနဲ့အတူ အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

စက်တင်ဘာလ ၁၆ ရက်ကလည်း ဘင်္ဂလားနယ်စပ် မိုင်တိုင် BP ၅၆ နဲ့ ၅၇ ကြားရှိ အာရက္ခတပ်တော်ရဲ့ ပွိုင့် (၆၀၁) လုံခြုံရေးစခန်းကို ARSA နဲ့ RSO အဖွဲ့ဝင်များက လာရောက်တိုက်ခိုက်သဖြင့် လိုက်လံချေမှုန်းရာ ARSA အဖွဲ့ဝင် အလောင်းအချို့နဲ့ လက်နက်ခဲယမ်းများ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အာဆာ တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေပြီး အသေးစိတ်နဲ့ နောက်ဆက်တွဲ သတင်းတွေကို ထပ်မံတင်ပြပေးသွားမယ်လို့ အာရက္ခတပ်တော် AA က အသိပေးထားပါတယ်။

Related posts

စကမနဲ့ AA တို့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေ

Rakhita Times

ငလျင်ကြောင့် မန္တလေးတွင် လူ ၇၀၀ နီးပါး သေဆုံး

Rakhita Times

အမ်း-ပဒါန်းလမ်းက ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံး

Rakhita Times

1 comment

Leave a Comment