NewsPolitic

ရက္ခိုင် တကျော့ပြန် တိုက်ပွဲကာလအတွင်း စကမကြောင့် ဒေသခံ ၉ဝ၀ ကျော် သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကော်မရှင်တို့ရဲ့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ စကမ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၉၀၀ ကျော် ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ထုတ်ပြန်လာပါတယ်။

HDCO ရဲ့ အချက်အလက်အရ သေဆုံးသူ ၉၇၀ ဦး၊ဒဏ်ရာရရှိသူ ၂၀၅၄ ဦးနဲ့ မတရား ဖမ်းဆီးခံထားရသူ ၁၀၀၀ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင်ပြည်မှာ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၇၀ ဦးထဲမှာ ၂၄ ရာခိုင်နှုန်းက အကြမ်းဖက်တိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရရှိသူ ၂၀၅၄ ဦးထဲမှာ ၅၁ ရာခိုင်နှုန်းနဲ့ ဖမ်းဆီးခံရတဲ့ ၁၀၀၀ ဦးထဲမှာ ၂၅ ရာခိုင်နှုန်းက အကြမ်းဖက်ခံနေရတာ ဖြစ်ပါတယ်။

အဲဒီထဲကမှ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၄၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၁၅ ဦးရှိတယ်လို့ HDCO က ဖော်ပြထားပါတယ်။

သေဆုံးမှုနှုန်းက ၂၀၂၄ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွေမှာ အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအနေနဲ့ ၂၀၂၅ ခုနှစ် ဂျူလိုင်လကနေစပြီး တိုက်ခိုက်မှု ပိုများလာတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေထဲမှာ ၁၈ ရာခိုင်နှုန်းက အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေဖြစ်ပြီး ၃၇၅ ဦးနဲ့ ၃၁ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပြီး ၁၂၆၄ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒါအပြင် စစ်ကော်မရှင်ရဲ့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ ရက္ခိုင်လူမျိုးစုက အများဆုံးဖြစ်ပြီး မူဆလင်၊ မရမာကြီး၊ ဟိန္ဒူ၊ ခမီနဲ့ သက်လူမျိုးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းတွေက စစ်ကော်မရှင်ရဲ့ လေကြာင်းဗုံးကြဲတိုက်ခိုက်မှုက အဓိကဖြစ်ပြီး လက်နက်ကြီးနဲ့ မိုင်းပေါက်ကွဲမှုတွေအပါအဝင် တခြားအကြောင်းရင်းတွေလည်း ပါဝင်တယ်လို့ HDCO က ဖော်ပြထားပါတယ်။

Related posts

ငလျင် ဆက်တိုက် ပြန်လှုပ်လာ

Rakhita Times

ကျောက်ဖြူမြို့တွင် RNP ရုံးချုပ် ဖွင့်လှစ်

Rakhita Times

အာဏသိမ်းပြီးနောက် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရ ၇ ဦး သေဆုံး

Rakhita Times

1 comment

pgasia ဒီဇင်ဘာ 9, 2025 at 5:21 မနက်

I’ve checked out pgasia, and it is working just fine and it is smooth to play on it. I believe you will love it. Look here pgasia

Reply

Leave a Comment