NewsPolitic

ကန့်ဘလူက စကမ စခန်း ၄ ခုကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတွေ ဖြစ်တဲ့ ကိုးတောင်ဘို့စခန်း အပါအဝင် စခန်း ၄ ခုကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းတွေဟာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးများ စခန်းဖြစ်တဲ့ ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင် နဲ့ အင်တိုင် စတဲ့ စခန်း ၄ ခု ပဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ၂၁ ရက်အတွင်း ကန့်ဘလူမြို့ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ရွှေဘို- မြစ်ကြီးနားလမ်းပေါ်ရှိ ငှက်ပျောတိုင် ပျူစောထီးစခန်းနဲ့ တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ပေကြီး ပျူစောထီးစခန်း တို့ကို စတင် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှမြို့ အနောက်ဘက် ၁၆ မိုင်အကွာရှိ အင်တိုင်းရှိ စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း အမှတ် (၃၆၁) က စစ်သားများနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ကျော်ရှိ စခန်းငယ်များကိုလည်း ဒီဇင်ဘာလ ၂၁ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကန့်ဘလူမြို့မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ ကောလင်းမြို့ တောင်ဘက် ၈ မိုင်ခန့်အကွာ ကိုးတောင်ဘို့ ပျူစောထီးစခန်းကို ဇန်နဝါရီ ၂၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင် ပူးပေါင်းတပ်က ၉၆ ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁၀၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။၊ ဒါ့အပြင် လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်မျိုးစုံ ၂၄၆၅၂ တောင့်၊ ဗုံးသီးမျိုးစုံ ၅၃၀ လုံး၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိတယ်လို့လည်း အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့အတူ NUG လက်အောက်ခံတပ်ဖြစ်တဲ့ ကန့်ဘလူ၊ ကောလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ကန့်ဘလူခရိုင် (ပကဖ)၊ ကန့်ဘလူ၊ ခင်ဦး၊ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ် ပကဖများအပြင် ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူက စစ်ဘေးရှောင် ၃ ဦးကို စကမ ဖမ်းဆီး

Rakhita Times

မင်းပြားတွင် စစ်သုံ့ပန်း ၂၀၀ ကျော် AA လွှတ်ပေး

Rakhita Times

ညီနောင်မဟာမိတ်ဖွဲ့တာ ၁၅ နှစ် ရှိပြီ

Rakhita Times

Leave a Comment