NewsPolitic

ဂွအခြေစိုက် ခမရ (၅၆၃) မှ တပ်သား ၄ ဦး လက်နက်ခဲယမ်းများနဲ့ PRA – Magway ထံ အလင်းဝင်

အာရက္ခတိုင်းမ်စ်( ၇ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ဂွမြို့နယ်အခြေစိုက် ခမရ (၅၆၃) မှ စစ်ကော်မရှင် တပ်သား ၄ ဦး ဟာ လက်နက်ခဲယမ်းများနဲ့ အလင်းဝင်ခဲ့တယ်လို့ People’s Revolution Alliance (PRA-Magway) က ဒီကနေ့ (ဒီဇင်ဘာ ၇ ရက်) ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ လူတွေကတော့ အမ်း – ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းကျေးရွာအနီးမှာ တာဝန်ကျတဲ့ ဒုတပ်ကြပ် တဦး အပါအဝင် တပ်ဖွဲ့ဝင် (၄) ဦး ဖြစ်ပြီး ၎င်းတို့နဲ့အတူ MA – 1 တလက်၊ MA- 2 တလက်၊ MA – 3 နှစ်လက်နဲ့ အခြားခဲယမ်းအချို့ကိုလည်း လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေးဦးဟာ စကမ ရဲ့ခမရ (၅၆၃) လက်အောက်ခံ တပ်ရင်းမှဖြစ်ပြီး နည်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ ပေါ်တာဆွဲခံရသူတွေ ဖြစ်တယ်လို့ (PRA-Magway) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နတ်ရေကန်တောင်နဲ့ အမ်း – ပဒန်း လမ်းပိုင်းတိုက်ပွဲများမှ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် သုံးဦးကိုလည်း ငဖဲမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးဟာ ခလရ (၂၉၅) မှ တပ်ဖွဲ့ဝင်များဖြစ်ကာ ကျန်တဦးကတော့ တပ်မ (၆၆) လက်အောက်ခံ သာယာဝတီအခြေစိုက် ခလရ (၃၅) မှ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သုံးဦးကိုလည်း စစ်သုံပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ (PRA-Magway) က ထုတ်ပြန်ထားပါတယ်။

Related posts

အမ်းမြို့ကို စကမ ဗုံးကြဲ၊ ကလေးငယ်တဦး ဒဏ်ရာရ

Rakhita Times

အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ AA သတိပေး

Rakhita Times

AA က မြို့ ၃ မြို့ကို သံတမန်လမ်းကြောင်းအရ ချန်ထားတာဖြစ်နိုင်

Rakhita Times

2 comments

Leave a Comment