NewsPolitic

ရက္ခိုင်ပြည်သူကို သတ်ဖြတ်နေတဲ့ စကမက စစ်တွေမြို့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်ပြုလုပ်ရန် စီစဉ်နေတာဟာ နိုင်ငံရေးလှည့်ကွက်ဖြစ်

အာရက္ခတိုင်းစ်မ် (၁၆ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်သူတွေကို နေ့စဉ်ဆက်ရက် ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်တွေမြိ့်တည် နှစ် (၂၀၀) ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပဖိ့် စီစဉ်နေတယ််လို့ သိရပါတယ်။

စစ်ကော်မရှင်က အခုလို ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီး စစ်တွေမြို့ နှစ် (၂၀၀) ပြည့် အထိမ်းအမှတ်ပြုလုပ်ရန် စီစဉ်နေခြင်းဟာ နိုင်ငံရေး လှည့်ဖြားမှု တခုသာ ဖြစ်တယ်လို့ စစ်တွေမြိုခံ ကိုဝင်းကျော်လင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“နိုင်ငံရေး လှည့်ဖြားဆွဲဆောင်မှု တခုလို မြင်ပါတယ်။ ဆရာတော် ဦးဥတ္တမ အင်္ကျီတလုံးဝတ်ရုံနဲ့ ဖမ်းဆီးခဲ့တာတွေ၊ ကိုယ်ပေါ်မှာ ‘ Arakan’ ဆိုတဲ့ တတ်တူးတခုကို တွေ့ရုံနဲ့ သတ်ဖြတ်ခဲ့တာတွေ ဒီနေ့ ဒီအချိန် စစ်ရေးပြင်းထန်နေတဲ့ အချိန်မှာ စစ်တွေမှာ ရှိနေတဲ့ ပြည်သူတွေကို ဒီလိုမျိုး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး ဒီလို လုပ်နေတာကတော့ နိုင်ငံရေးလှည့်ဖြားမှု တခုလို့ပဲ ကျနော် မြင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မကြိုးစားဘဲ ဒီလိုမျိုး ပျော်ပွဲ၊ ရွှင်ပွဲတွေကိုပဲ ဦးစားပေး ကျင်းပနေတာဟာ သူတို့ အာဏာတည်မြဲရေးကို လက်နက်တခုသဖွယ် အသုံးချနေတာလို့ သူက ဆက်ပြောပါတယ်။

“စစ်တွေမှာရှိနေတဲ့ ပြည်သူတွေက ဒုက္ခပေါင်းစုံကို ခါးစည်းပြီးတော့ ခံနေရတယ်။ ဒီလိုအချိန်မှာ ပျော်ပွဲ၊ ရွှင်ပွဲ ကျင်းပနေတာက သူတို့ရဲ့ လက်နက်ပါ။ အဓိက ပြဿနာက ပြည်သူကို အဆင်ပြေအောင် လုပ်ပေးရမယ်ဆိုတာ မဟုတ်ဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး၊ သူတို့ရဲ့ အကျိုးစီးပွါး အတွက်လောက်ပဲ ကာကွယ်ဖို့ စိတ်ဆန္ဒရှိတာပါ” လို့ ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဒီဇင်ဘာလ (၁၅) ရက် ရက္ခိုင်ပြည်နယ်နေ့ကလည်း သရုပ်ဆောင် ခန့်စည်သူ၊ ရက္ခိုင်အဆိုတော် ဦးမောင်သိန်း၊ ညီမင်းခိုင်၊ ဘုန်းလျှံတို့ အပါအဝင် ရက္ခိုင်အဆိုတော် တချို့ကို ခေါ်ယူပြီး စစ်တွေမှာ ရှိးပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ရက္ခိုင်ပါတီ ခေါင်းဆောင်တချို့ကလည်း ရွေးကောက်ပွဲ နီးလာပြီ ဖြစ်တဲ့အတွက် လူထုကို ဆန်၊ ဆီ၊ ဆား ပေးပြီးတော့ အခုအချိန်မှာ စည်းရုံးလျက် ရှိနေပါတယ်။

ဒါ့ကြောင့် စစ်တွေအပါအဝင် ကျောက်ဖြူ၊ မာန်အောင်တို့မှာ ရှိနေတဲ့ ဒေသခံတွေအနေနဲ့ စစ်ကော်မရှင်နဲ့ သူတို့ရဲ့ လက်ပါးစေတချို့ ကျင်းပပေးနေတဲ့ ပျော်ပွဲ၊ ရွှင်ပွဲတွေမှာ သာယာမနေဘဲ မျှော်လင့်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးကိုသာ တစိုက်မတ်မတ် သွားကြဖို့ ပြောဆိုကြပါတယ်။

စစ်တွေမြို့ (ခေါ်) Akyab မြို့ကို ဗြိတိသျှ အင်္ဂလိပ်တို့က ၁၈၂၆ ခုနှစ် ဇန်နဝါရီလမှာ စတင် တည်ဆောက်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများအရ သိရှိရပါတယ်။

ဒါကြောင့် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် မြို့သက်တမ်း နှစ် ၂၀၀ ပြည့်ပြီ ဖြစ်တဲ့အတွက် နှစ် (၂၀၀) ပြည့်ပွဲတော်ကို ဇန်နဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ လက်ပါးစေ စာရေးဆရာ ဂေါယာမြေစောဝင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားပါတယ်။

ဒီပွဲမှာ “ပွဲတော်ဖြစ်မြောက်ကျင်းပရေးအတွက် ဥက္ကဌ ဦးမောင်သိန်းဖြူ (ဂေါယာမြေစောဝင်း)၊ ဒုဥက္ကဋ္ဌများဖြစ်ကြတဲ့ ဦးမောင်သိန်းခိုင်၊ ဦးရွှေကျော်သာ၊ ဦးသန်းရွှေ၊ ဦးရွှေထွန်းအောင် တို့ပါဝင်တဲ့ ဦးစီးကော်မတီ နဲ့ လုပ်ငန်းကော်မတီတွေကို ဖွဲ့စည်းထားရှိပြီး စီမံ ဆောင်ရွက်လျက်ရှိတယ်” လိ့် ဂေါယာမြေစောဝင်းက ရေးသား ဖော်ပြထားပါတယ်။

Related posts

ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ နှစ်ဦးထက်မနည်း သေဆုံးပြီး၊ အများအပြားဒဏ်ရာရ

Rakhita Times

မောင်တော နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို ပြန်လည်ပြုပြင်နေ

Rakhita Times

စစ်တွေ ရေတပ်စခန်းဌာနချုပ်နေရာ လက်နက်ကြီးကျ

Rakhita Times

5 comments

Leave a Comment