NewsPolitic

ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ နှစ်ဦးထက်မနည်း သေဆုံးပြီး၊ အများအပြားဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒီနေ့မနက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးထက်မနည်း သေဆုံးသွားပြီးတော့ အများအပြားလည်း ဒဏ်ရာရရှိသွားပါတယ်။

ဒီနေ့ မနက် (၁၀) နာရီကျော်အချိန်က ဘာထလေကျေးရွာကို အကြမ်းဖက်တပ်က လေကြောင်းကနေ ပေါင် (၅၀၀) ဗုံးတလုံးကြဲချခဲ့ပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ နှစ်ဦးကတော့ ပွဲချင်းပြီး သေသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သတင်း ကြားသိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလအတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကိုပါ တစိုက်မတ်မတ် ပြုလုပ်လာနေပါတယ်။

Related posts

၁၈ နှစ်အောက် လူငယ်တွေကို ကွမ်း၊ ဆေးလိပ် နဲ့ အရက် မရောင်းရန် AA တားမြစ်

Rakhita Times

သံတွဲမြို့ကို ညသန်း‌ခေါင် ဗုံးကြဲခံရလို့ ပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာရ

Rakhita Times

စစ်တွေမှာ ဆေးတွေ ၃ ဆခန့် ဈေးမြင့်တက်

Rakhita Times

228 comments

Leave a Comment