NewsPolitic

တနှစ်အတွင်း စကမကြောင့် ရက္ခိုင်အမျိုးသမီး ၁၁၉ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၆)

ပြီးခဲ့တဲ့ တနှစ်အတွင်း စစ်ကော်မရှင်ကြောင့် ရက္ခိုင်ပြည်က အမျိုးသမီး ၁၁၉ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဆိုပါတယ်။

၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် ကနေ ဒီဇင်ဘာလ ၃၁ ရက် အတွင်း အကြမ်းဖက် စစ်အုပ်စုရဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၆၂၁) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၁ဝ၂) ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် (၃၉) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁၃) ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် (၆) ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၅) ဦး၊ ထောင်တွင်း ဆေးဝါးကုသခွင့် မရရှိမှုကြောင့် (၃) ဦးနဲ့ ကျည်ထိမှန်မှုကြောင့် (၃) ဦး စုစုပေါင်း နိုင်ငံတဝှမ်းရှိ အမျိုးသမီး ၇၉၂ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ စစ်ကိုင်းက (၂၁၇) ဦး၊ မန္တလေးက (၁၂၃) ဦး၊ ရက္ခိုင်ပြည်က (၁၁၉) ဦး၊ ရှမ်းပြည်က (၈၁) ဦး နဲ့ မကွေးက (၆၉) ဦးတို့ပဲ ဖြစ်ပါတယ်။

၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှာ‌ မြောက်ဦးမြို့၊ ရမ်းချောင်းအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ကြောင့် သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီး ၂၁ ဦး ပါဝင်ခဲ့ပြီး တနှစ်အတွင်း အမျိုးသမီး သေဆုံးမှု အများဆုံး ဖြစ်စဉ်ဖြစ်တယ်လို့ BWU ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ တနှစ်အတွင်း အမျိုးသမီး (၈၁၅) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

Related posts

ကပစ ၁၆ အနီးတိုက်ပွဲတွင် စကမ အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများ AA ရရှိ

Rakhita Times

မိုင်းယု ၁၀၅ တွင် AA နဲ့ မဟာမိတ်တို့ သစ်ပင် ထောင်ကျော်စိုက်ပျိုး

Rakhita Times

စကမ ဟာ အထိအခိုက်များနေရင် ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တယ်လို့ ဦးခိုင်သုခ ဆို

Rakhita Times

251 comments

Leave a Comment