NewsPolitic

မင်းပြားနဲ့ ပုဏ္ဏားကျွန်းကို စကမ တပြိုင်တည်း ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်က ဒီကနေ့မနက် ၁ နာရီကျော်တွင် တပြိုင်တည်း ဗုံးကြဲခဲ့တယ်လို့ ကနဦး သိရပါတယ်။

“ ပက်ဆိပ်ရွာအနီးကို လာကြဲတာပါ။ အဆောက်အဦးအချို့တော့ ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိပါဘူး” လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ စစ်ကော်မရှင်ဟာ မင်းပြားမြို့နယ် ကမ်းနီးရွာအနီးကိုလည်း ဗုံးကြဲချခဲ့တယ်လို့လည်း သိရပါတယ်။

“ ကျတာတော့ စစ်တပ်ပိုင်ပေါ့ (စစ်ကော်မရှင်) အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းလို့ ပြောကြတယ်။ အသေအချာတော့ မသိသေးဘူး” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ဇန်နဝါရီလ ၂၀ ရက် ညကလည်း ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူကျေးရွာအနီးရှိ စစ်သုံပန်းများ ထားရှိတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံပန်းများနဲ့ သုံပန်းမိသားစုဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။

Related posts

အိန္ဒိယက မှတ်ပုံတင်သိမ်းထားလို့ မြန်မာစစ်ရှောင်တွေ စိုးရိမ်

Rakhita Times

စစ်တွေကို ရေတပ်အင်အား သင်္ဘော ၄ စီး ခန့် စစ်ကောင်စီ ထပ်ပို့

Rakhita Times

ရက္ခိုင်က အမျိုးသမီးအချို့ တရုတ်ဇနီးမယားအဖြစ် သွားရောက်လုပ်ကိုင်နေ

Rakhita Times

Leave a Comment