NewsPolitic

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြိ့်နယ်တွင် ဟိန္ဒူလူမျိုးများ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ “ ရာမ” အသံမစဲ ပဋ္ဌာန်း ဘာသာရေးပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ကို မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာရှိ ရာမ၊ လက္ခဏ တောင်ခြေရင်းတွင် ဟိန္ဒူဘာသာဝင်များ တက်ရောက် ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။

“ ရာမကို ပင့်ဖိတ်ပူဇော်ခြင်း၊ လက္ခဏကို ဆုတောင်ပူဇော်ခြင်းနဲ့ မယ်သီတာထံ ဆုတောင်း ပူဇော်ခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပွဲတော်ရက်များအတွင်း မဟာရာမယန ဟရီနာမ “ရာမ” အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို ပွဲတော်စတင်ခဲ့သည့်နေ့ကစပြီး ဖေ‌ဖော်ဝါရီလ ၃ ရက်အထိ ရွတ်ဖတ်ခဲ့တယ်လို့ သိရပါတယ်။

“ ရာမ” အသံမစဲပဋ္ဌာန်း ဘာသာရေးပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အာရက္ခတပ်တော် က တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုပေးခဲ့ကြပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက်လည်း အာရက္ခတပ်တော်က မောင်တောခရိုင်ဟိန္ဒူလူမျိုးစုရေးရာကော်မတီကို အလှူငွေ ငွေကျပ် သိန်း ၃၅၀ ပေးခဲ့တယ်လို့လည်း သိရသည်။

Related posts

NUG အနေနဲ့ EAO တွေနဲ့ပေါင်းပြီး တိုက်နိုင်ရင် တော်လှန်ရေးနိုင်မယ်

Rakhita Times

ငွေကြေးအလွဲသုံးစားလုပ်လို့ သံတွဲ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ တိုင်ကြားခံရ

Rakhita Times

ကြောင်ဖိုရွာ ဗုံးကြဲခံရလို့ ၇ ဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရ လို့ AA ထုတ်ပြန်

Rakhita Times

Leave a Comment