NewsPolitic

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရခိုင့်ဦးဆောင်ပါတီက ၈ ဦး နဲ့ ရခိုင်တိုင်းရင်းသားများပါတီက ၆ဦး ရွေးချယ်ခံရ

အာရက္ခတိုင်းမ်စ် (၆ ဖေဖော်ဝါရီ ၂၀၂၆)

ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းတွင် ရခိုင့်ဦးဆောင်ပါတီ (AFP) က ၈ ဦး  နဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က ၆ဦး ပါဝင်တယ်လို့UEC က ထုတ်ပြန်ထားပါတယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP )က ၈ ဦးမှာ အမျိုးသားလွှတ်တော်က ၃ ဦး နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က ၅ ဦး ပါဝင်ပြီး ရခိုင်တိုင်းရင်းသားများပါတီ (RNP) က ၆ ဦး မှာတော့ ပြည်သူ့လွှတ်တော်က ၁ ဦး၊ အမျိုးသားလွှတ်တော်က ၁ ဦး နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က ၄ ဦး ပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(USDP) ၇၃၉ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၆၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၃၉ ဦး၊ ပြည်သူ့ပါတီ ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၂၀ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲချုပ်ပါတီ ၁၈ ဦး၊ မွန်ညီညွတ်ရေးပါတီ ၁၇ ဦး၊ နာဂအမျိုးသားပါတီ ၁၂ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ၇ ဦး၊ ဇိုမီးအမျိုးသားပါတီ ၇ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ ၆ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီ ၆ ဦး၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ၅ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ၅ ဦး၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ ၄ ဦး၊ အင်းအမျိုးသားအဖွဲချုပ်ပါတီ ၄ ဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီ ၃ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၃ ဦး၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ ၃ ဦး၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ၃ ဦး၊ ကရင်ပြည်သူ့ပါတီ ၃ဦး၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ) ၂ ဦး၊ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ ၂ ဦး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ၂ ဦး၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ ၂ ဦး၊ ၈၈ မျိုး ဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ၂ ဦး၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၁ ဦး၊ ပအိုဝ်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ “ ဝ”  အမျိုးသားပါတီ ၁ ဦး၊ တသီးပုဂ္ဂလ ၁ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

တရုတ်ကြားဝင်စေ့စပ်မှုအရ တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းမယ်လို့ MNDAA ပြော

Rakhita Times

ရက္ခိုင်သမိုင်း နဲ့ ရူပဗေဒပညာရှင် ဆရာကြီးဦးစံသာအောင်ရဲ့ကြေးရုပ်တု ရန်ကုန်တက္ကသိုလ်တွင်ထားရှိ

Rakhita Times

ကျောက်ဖြူမှာ ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သုံပန်းတွေကို AA ဖမ်းမိ

Rakhita Times

Leave a Comment