NewsPolitic

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

အာရက္ခတိုင်းမ်စ် (၅ ဖေဖော်ဝါရီ ၂၀၂၆)

ကချင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်း ဆုတောင်းသဝဏ်လွှာကို အာရက္ခတပ်တော် အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ ဆုတောင်းပေးခဲ့ပါတယ်။

“မိမိတို့ ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများထဲမှ ကချင်တော်လှန်ရေးအဖွဲ့အစည်းသည် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်း” ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဆုတောင်းသဝဏ်လွှာ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်နေ့ကို ကချင်လူမျိုး၊ ကချင်အဖွဲ့အစည်းများနဲ့ထပ်တူ မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြိုဆို ဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

“ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် မှ မျှော်မှန်းထားသော ရည်မှန်းချက်များနှင့် ကချင်ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော မျှော်လင့်ချက်များ အြမန်ဆုံး ပြည့်ဝပါစေကြောင်း” လည်း ဆုတောင်းထားပါတယ်။

တော်လှန်ရေးအစကနေပြီး အခုအထိ တော်လှန်ရေးကာလ ၆၅ နှစ်အတွင်း အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ကချင့်အာဇာနည်များနဲ့ သူရဲကောင်းအပေါင်းတို့ကို ဦးညွတ်အလေးပြုပါတယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။

Related posts

တရားမဝင် အရက်၊ ဘီယာများကို DLEPS ဖမ်းဆီး

Rakhita Times

မွေးနေ့ဆုတောင်းပေးသူတွေကို ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျေးဇူးတင်

Rakhita Times

ဒီဇင်ဘာလ ၂၂ ရက်ကို မြိုအမျိုးသားနေ့အဖြစ်လက်ခံပြီး ကျန်နေ့မှာ ပြုလုပ်တဲ့ မည်သူကိုမဆို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမယ်

Rakhita Times

256 comments

Leave a Comment