NewsPolitic

နပခဌာနချုပ် နဲ့ ရှစ်မိုင်ကျော်အကွာက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

နပခဌာနချုပ် နဲ့ ရှစ်မိုင်ကျော်အကွာက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၈-အောက်တိုဘာ- ၂၀၂၄)

ရက္ခိုင်ပြည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နဲ့ ၈ ဒသမ ၇ မိုင်ကျော်ပဲ ကွာဝေးတော့တဲ့ မဲတောင်ဗျူဟာကုန်းကို အောက်တိုဘာလ ၇ ရက် ညနေ ၄နာရီက သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီကနေ့ (အောက်တိုဘာလ ၈ရက်) မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အမ်းမြို့နယ်မှာရှိတဲ့ လက်ကျန်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ မဲတောင်ဗျူဟာကုန်းစခန်းနဲ့အတူ အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက် ရရှိခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီဗျူဟာကုန်းမှာ စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းတွေနဲ့ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ ပါဝင်သလို စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားတဲ့ တပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက် က အမ်းမြို့နယ် ကျောက်စကွဲကျေးရွာမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက်ကစပြီး မဲတောင်ဗျူဟာကုန်းမှာရှိတဲ့ စခန်းတွေကို AAက တစ်ခုချင်းသိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ရေးအရ အရေးပါတဲ့ မဲတောင်ဗျူဟာကုန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်က စပြီးထိုးစစ်ဆင်တိုက်ခဲ့တာဖြစ်ပြီးတော့ ၁၁ ရက် အကြာမှာ သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်အတွင်းက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို အပြီးတိုင် သိမ်းပိုက်နိုင်ရေးနဲ့ စစ်ကောက်စီတပ်စခန်းတွေကို တစ်ခုမကျန် ရှင်းပစ်နိုင်ဖို့အတွက် ထိုးစစ်အရှိန်အဟုန်ကို မြှင့်တင်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

Related posts

ရက္ခိုင်ပြည်တွင်းက ဆေးဆိုင်များကို FDA ကွင်းဆင်းစစ်ဆေး

Rakhita Times

ပုဏ္ဏားကျွန်းကို စကမဗုံးကြဲ၊ ယိုးငူရွာဈေး မီးလောင်နေ (Breaking News)

Rakhita Times

အမ်းဌာနချုပ်ကို စစ်ကူလာတဲ့ စစ်ကောင်စီ ကြားဖြတ်တိုက်ခိုက်ခံရ၍ ၉ ဦးသေဆုံး

Rakhita Times

1,744 comments

Leave a Comment