အာရက္ခတိုင်းမ်စ် (၉ ဖေဖော်ဝါရီ ၂၀၂၆)
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ကာကင်းစခန်းတွေ လက်လွှတ်လိုက်ရလို့ စစ်ကော်မရှင်တပ် အရာရှိတချို့ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်အတွင်း ဧရာဝတီတိုင်းက သာပေါင်းမြို့နယ် တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က ကာကင်းစခန်း ၃ ခုထပ်မနည်း လက်လွှတ်ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။
အဆိုပါ ကာကင်းစခန်း ၃ ခုထပ်မနည်း လက်လွှတ်လိုက်ရလို့ ခလရ ၃၀၈ သာပေါင်းတပ်ရင်းက စစ်ဆင်ရေးကွပ်ကဲနေတဲ့ ဗိုလ်မှူး ၁ ယောက်နဲ့ တပ်ရင်းမှူး ၁ ယောက်ကို ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်၊ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကတော့ သာပေါင်းမြို့နယ်က သာပေါင်းလေး၊ ကျားခေါင်း၊ ကင်မွန်းခြုံ၊ သစ်ဝမ်းပူ စတဲ့နေရာပဲ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်ကော်မရှင်ရဲ့ ခမရ-၃၀၈ ကနေပြီး လက်နက်ကြီးများနဲ့ ပစ်ကူပေးနေပြီး သဲဖြူ၊ မရမ်းကျင်း၊ ဖိုချောင်းကျေးရွာတွေကနေ ခမရ-၃၀၈ အထိ ကင်းပုန်းများ ချထားတယ်လို့လည်း သိရပါတယ်။

1 comment
В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Играть на платформе удобно и безопасно.