အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၆)
စစ်ကော်မရှင်က ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရက္ခိုင်ပါတီတွေဟာ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP ) က မဲဆန္ဒနယ် ၁၃ နေရာမှာ ကိုယ်စားလှယ်လောင်း ၃၂ ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၂၂၅၆၇ ၊ ခိုင်လုံမဲ ရရှိမှု ရာခိုင်နှုန်း ၀ ဒသမ ၁၇ % နဲ့ အနိုင်ရကိုယ်စားလှယ် ၈ ဦး ရှိခဲ့ပါတယ်။
ဒါ့အပြင် ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က မဲဆန္ဒနယ် ၁၄ နေရာမှာ ကိုယ်စားလှယ်လောင်း ၂၅ ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၁၈၉၀၁၊ ခိုင်လုံမဲ ရရှိမှု ရာခိုင်နှုန်း ၀ ဒသမ ၁၄ % နဲ့ အနိုင်ရကိုယ်စားလှယ် ၆ ဦး ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကတော့ မဲဆန္ဒနယ် ၁ နေရာမှာ ကိုယ်စားလှယ်လောင်း ၁ ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၁၂၆၈၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၀ ဒသမ ၀၁ % သာ ရရှိခဲ့ပြီး အနိုင်ရ ကိုယ်စားလှယ် မရှိခဲ့ဘူးလို့ UEC က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု ရာခိုင်နှုန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖေဖော်ဝါရီလ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
