NewsPolitic

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကပစ ၁၆နဲ့ ၃ မိုင်ကွာထိ ရောက်ရှိလာ

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ နဲ့ ၃ မိုင်ခန့်အကွာထိ ထိုးစစ်ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က  ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မသုန်ရွာမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်အနေနဲ့လည်း ကပစ ၁၆ မကျဆုံးစေရေးအတွက် လေယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုပြီး လေကြောင်းပစ်ကူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် အာရက္ခတပ်တော် ပြန်လည်သိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က စစ်ကော်မရှင်ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ၆၆၆ စခန်းကုန်းကိုလည်း စစ်ကော်မရှင်အနေနဲ့ ပြန်လည်ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

Related posts

အခုရွေးကောက်ပွဲက ကြံ့ဖွံ့က အခိုင်အမာပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲလို့ ပြော

Rakhita Times

စစ်တွေလူထု ရွေးကောက်ပွဲကို စိတ်မဝင်စား၊ စစ်ဖြစ်ဖို့သာ မျှော်လင့်

Rakhita Times

ငွေထုတ်ခ ဈေးမြင့်လာလို့ တချို့ဆိုင်များ ငွေထုတ်မပေး

Rakhita Times

509 comments

Leave a Comment