NewsPolitic

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို  ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ်၊ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် ကျ

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို  ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

သေဆုံးသူ မကျော့ကျော့ဝေဟာ မာန်အောင်မြို့၊ မျှော်တော်ဦးအုပ်စု၊ ပြားကြီးကျေးရွာဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၉နာရီ ၅၅ မိနစ် မှာ ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့ရှိ မြန်မာအလုပ်သမားများ နေထိုင်ရာ တန်းလျားမှာ  အသက် ၂၈ နှစ်အရွယ်ရှိ  မကျော့ကျော့ဝေကို ခင်ပွန်းဖြစ်သူ ဦးကျော်မင်းနိုင်က စကူတာ အချွန်နဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

မကျော့ကျော့ဝေဟာ ရင်အုံအလည်တွင် ထိုးသွင်းဒဏ်ရာ  ၁ ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာ ၂ ချက် နဲ့ မိန်းမကိုယ်‌နေရာတွင် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိခဲ့တာကြောင့် နေရာတွင် သေဆုံးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်၊ ညနေ ၃နာရီတွင် ဘန်ကောက်မြို့၊ ဘန်ကဒီ (၂၅) လမ်း၊ စမဲဒမ်း၊ ဝပ်ဘန်ကဒီ ဘုန်းတော်ကြီးကျောင်းမှာ သင်္ဂြိုလ်ခဲ့ပါတယ်။

“ အဲ့ဒီကောင် ထောင်ကျသွားပါပြီနော်။ ၅ ရက်နေ့ကပါ။ ဘန်ဘော်စန်ထောင်မှာ ထပ်လို့ အနှစ် ၁၁ နှစ် ကျတာ။ စုစုပေါင်း ၃၁ နှစ်လို့ ကြားသိရပါတယ်”  လို့ ကိုစိုးမြင့်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

လူသတ်မှု ကျူးလွန်ခဲ့သူကိုတော့ ဇန်နဝါရီလ ၂၂ ရက်၊ ည ၉နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပန်ပူလီ ကြက်မွေးမြူရေးနားက တောထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၈နာရီမှာ ဘန်ကောက်မြို့ရှိ တရားရုံးတခုမှာ ရုံးထုတ်စစ်ဆေးပြီး ‌ကနဦး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီလ ၅ ရက်မှာတော့ ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။

Related posts

မလေးရှားမှ မြေးဖြစ်သူကို အဖွားဖြစ်သူက ဆက်သွယ်ခြင်း

Rakhita Times

စစ်ကျန်လက်နက် ဆော့မိလို့ ကလေးငယ်တစ်ဦးသေဆုံး

Rakhita Times

AA ရဲ့ ပစ်ခတ်မှုကြောင့် နေဗီတစီး မီးလောင်

Rakhita Times

Leave a Comment