BusinessNewsPolitic

အမ်းမြို့တွင် တရားမဝင် အရက်၊ ဘီယာတွေကို ဒီလပ် ဖမ်းဆီး၊ ပြည်တွင်းရောက်အောင် လွှတ်ပေးသူတွေကိုလည်း အရေးယူစေချင်

အာရက္ခတိုင်းမ်စ် (၁ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် အမ်းမြို့နယ်တွင် တရားမဝင် ရောင်းချနေတဲ့ အရက်၊ ဘီယာတွေကို မတ်လ နောက်ဆုံးအပတ်က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) အနေနဲ့ အမ်းမြို့အတွင်းရှိ ကုန်စုံဆိုင် နဲ့ စားသောက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေး ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

ထိုသို့ စစ်ဆေးရာတွင် မြို့တွင်းရှိ ကုန်စုံဆိုင် ၁ ဆိုင် တရားမဝင်ရောင်းချနေတဲ့ ABC (ဘီယာ) ၁၀ ဗူး၊ ANDAMAN အမှတ်တံဆိပ်ပါ (ဘီယာ) ၁၄၀ ဗူး၊ GRAND ပြာ ၁၄ လုံး၊ GRAND Royal ၃ လုံး၊ GRAND Royal Smooth ၆၄ လုံးနဲ့ BEC ၄၈ လုံးတို့ကို ဖမ်းဆီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ အဆိုပါ ပြည်ပအရက်နဲ့ ဘီယာတွေကို သက်ဆိုင်ရာဌာနက စနစ်တကျ ထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချနေသူများကိုလည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဒီလပ်က ထုတ်ပြန်ပါတယ်။

“ဖမ်းတာကိုတော့ ကြိုဆိုပါတယ်။ အမိန့်ထုတ်ထားရင် လိုက်နာအောင် လုပ်ရဖို့။ မျက်နှာကြီးငယ် ခွဲခြားလို့မရဘူး။ ဆိုင်တွေကျ ဝင်ဖမ်းတယ်။ ဆိုင်ထဲကို ရောက်ဖို့ဆိုရင် ရောက်အောင်လာဖို့ လမ်းကြောင်းရှိရမယ်။ ဘယ်လိုလမ်းကြောင်းက လာတာလဲ။ လာတဲ့လမ်းကြောင်းက ဂိတ်တွေက လွှတ်ပေးလိုက်တာလား။ ဒါတွေကိုလည်း စစ်ဆေး အရေးယူပေးဖို့လိုတယ်။ အခုက လွှတ်ပေးတဲ့သူက ပိုက်ဆံလည်း ရတယ်။ ဘာမှလည်း အပြစ်ပေးမခံရဘူး။ ဒါတွေကို ပြန်လည် သုံးသပ်ပေးစေချင်တယ်” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်မှာ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ တင်သွင်းထားပြီးဖြစ်တဲ့ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် နဲ့ ယစ်မျိုးကုန်တွေကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကနေ (၃) လအတွင်း ကုန်အောင် အပြီးသတ်ရောင်းချကြဖို့ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က သတိပေး နှိုးဆော်ခဲ့ပါတယ်။

အလားတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက တရားမဝင် ပြင်ပက အရက်၊ ဘီယာတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

Photo – Golden Era Media

Related posts

ငဖဲတိုက်ပွဲတွင် စစ်ကော်မရှင်အလောင်း ၂၀ ကျော် ရရှိခဲ့တယ်လို့ AA ထုတ်ပြန်

Rakhita Times

ရက္ခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်ဟိုတယ် ပတ်ဝန်းကျင်ကို စစ်ကောင်စီရဲ့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်

Rakhita Times

ပုဏ္ဏားကျွန်းကို ရွေးတုတပ်က တပ်မ ၁၀၁ အပြင် ALP ပါ အသုံးပြု တိုက်ခိုက်နေ

Rakhita Times

329 comments

Leave a Comment