NewsPolitic

တောင်ကုတ်က လူသတ်တရားခံ ၂ ဦးကို ဒီလပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၃၁ မတ် ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် နတ်မော်အုပ်စု ရွှေတောင်သာရွာ သျှမ်းတဂူကျွန်းတွင် လူသတ်ခဲ့တဲ့ တရားခံ ၂ ဦးကို မတ်လ ၂၉ ရက်တွင် ဒီလပ် က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၅ ရက် ည တွင် အရက်သေစာ သောက်စားနေတဲ့ အမျိုးသား ၃ ဦး စကားများ ရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မတ်လ ၂၅ ရက် ညနေတွင် တောင်ကုတ်မြို့နယ် မီးကျောင်းထိုးရွာက အသက် ၄၂ နှစ်အရွယ် မောင်မောင်ဆန်းဟာ တောင်ကုတ်မြို့နယ် ရွှေတောင်သာရွာက အသက် ၃၂ နှစ်အရွယ် မောင်ပုချေ (ခ) မောင်ပု၊ အသက် ၃၂ နှစ်အရွယ် မောင်ကျော်ဌေးတို့နဲ့ အရက်သေစာ သောက်စားခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ အရက်သေစာ သောက်စားနေရင်း စကားများရာကနေ မောင်ပုချေ (ခ) မောင်ပု နဲ့ မောင်ကျော်ဌေးတို့ဟာ မောင်မောင်ဆန်းကို အသင့်ပါလာတဲ့ ဓားမြောင်နဲ့ ဝိုင်းထိုးရာ မောင်မောင်ဆန်းမှာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါ လူသတ်မှုနဲ့ ပတ်သက်ပြီး အရေးယူပေးရန် တိုင်ကြားလာလို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က စုံစမ်းစစ်ဆေးခဲ့ပြီး ပ ၂၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ ၃ လတာကာလအတွင်း လူသတ်မှုပေါင်း ၁၆ မှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်-ဧရာအစပ် တိုက်ပွဲတွင် စကမတပ်သားများ အလံဖြူထောင် အလင်းဝင်သူများ ဆက်တိုက်ရှိနေ

Rakhita Times

မင်းပြားတွင် မိုးကြိုးပစ်ခံရလို့ ၁ ရက်တည်း ၂ ဦး သေဆုံး

Rakhita Times

မောင်တောတွင် တစ်ရက်အတွင်း မိုင်း ၆၇ လုံး AA ရှင်းလင်းပေး

Rakhita Times

648 comments

Leave a Comment