NewsPolitic

အာဏာသိမ်းကာလအတွင်း နေအိမ်မီးရှို့ခံရမှု ရက္ခိုင်က စတုတ္ထနေရာရှိနေ

အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ကာလအတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဟာ ရက္ခိုင်ပြည်က စတုတ္ထနေရာမှာ ရှိနေတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင်ပြည်က နေအိမ်မီးရှို့ဖျက်ဆီးခံရမှု စတုတ္ထအများဆုံးဖြစ်ပြီး နေအိမ် ၆၁၂၆ လုံး မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဏာစသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လအထိ စာရင်းအရ စုစုပေါင်း နေအိမ် ၁၁၉,၄၁၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တိုင်းနဲ့ပြည်နယ်က အရပ်သားပြည်သူနေအိမ် ၁၁၅၅၆၈ လုံး ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းက နေအိမ် ၇၇၇၃၁ လုံး နဲ့ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ ပထမ အများဆုံး၊ မကွေးတိုင်းဒေသကြီးက ၁၆၈၉၈ လုံးနဲ့ ဒုတိယအများဆုံးနဲ့ မန္တလေးတိုင်းဒေသကြီးက ၉၃၄၁ လုံးနဲ့ တတိယပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒါအပြင် လက်ရှိ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိ တလခွဲတာ ကာလအတွင်း ရက္ခိုင်ကို စစ်ကော်မရှင်က လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။

စစ်ကော်မရှင်ဟာ ရက္ခိုင်ကို အသေခံဒရုန်းတွေနဲ့ ပါရာမော်တာ အပါအဝင် ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး လသားအရွယ်ကလေးငယ်တွေအပါအဝင် စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၃၃ ဦး သေဆုံးပြီး ၅၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အပါအဝင် အဆောက်အဦး ၁၅ ခုထက်မနည်း မီးလောင်ပျက်စီးခဲ့ပါ​တယ်။

စစ်ကော်မရှင်တပ်တွေဟာ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်တာ၊ ကျေးရွာအတွင်း အခြေချ တပ်စွဲပြီး နေအိမ်များကို မီးရှို့တာကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Related posts

အမျိုးသားတန်းတူရေးကို အမြဲတမ်း လုပ်ငန်းစဉ်အဖြစ် AASYC က သတ်မှတ်

Rakhita Times

နတ်ရေကန်ကို စကမ စစ်ကူပို့ရန်ကြိုးစား၊ AA ကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

စစ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ Mytel ကဒ်တွေ ဖုန်းလိုင်းပြန်ရ

Rakhita Times

Leave a Comment