NewsPolitic

မာန်အောင်လေဆိပ်ကို ATR 72-600 လေယာဉ် ဆင်းနိုင်အောင် လုပ်မယ်လို့ ရွေးတုအစိုးရ ပြော

အာရက္ခတိုင်းမ်စ် (၆ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် မာန်အောင်မြို့နယ်က စမုံတဲလေယာဉ်ကွင်းကို ATR 72-600 လေယာဉ် ဆင်းသက်နိုင်အောင် ပြုလုပ်မယ်လို့ ရွေးတုအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလှက ဆိုပါတယ်။

အဆိုပါ စကားကို တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး တတိယနေ့မှာ မန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက မာန်အောင်မြို့နယ်၊ စမုံတဲ လေယာဉ်ကွင်းကို တိုးချဲ့ဆောက် ပေးရန် အစီအစစဉ် ရှိ/မရှိနဲ့ တိုးချဲ့ဆောက်လုပ်ပေးမယ်ဆိုရင် မည်သည့် ဘဏ္ဍာနှစ်မှာ တည်ဆောက်ပေးမည်ကို သိရှိလိုတယ်လို့ မေးတဲ့အပေါ် ဖြေဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“စမုံတဲ လေယဥ်ကွင်း တိုးချဲ့ဆောင်ရွက်ဖို့ လက်ရှိ လေယာဉ်ပြေးလမ်းကို ၄၅၀၀ x ၁၀၀ ပေကနေ ပြေးလမ်းတောင်ဘက်ကို ၁၅၀၀x၁၀၀ ပေ တိုးချဲ့နိုင်ဖို့လိုအပ်တဲ့ မြေဧရိယာ ၃၃.၅၆ ဧကကို သိမ်းဆည်းပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ မြေယာသီးနှံလျော်ကြေး ပေးချေ ဆောင်ရွက်ထားတယ်” လို့ ရွေးတုအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလှက ဆိုပါတယ်။

မာန်အောင်မြို့ စမုံတဲလေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ခြင်းနဲ့ ထပ်ပိုးလွှာ တင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရွေးတုအစိုးရ သမ္မတ မင်းအောင်လှိုင်အမိန့်နဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်ကစပြီး L 410 လေယာဉ်အမျိုးအစားကိုအသုံးပြုကာ ရန်ကုန် – မာန်အောင် – ကျောက်ဖြူ – ရန်ကုန် စတဲ့ ခရီးစဉ်တွေကို ၁ ပါတ် ၃ ရက် ပျံသန်း ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။

Related posts

မအီ ရဲစခန်း နဲ့ ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ(Breaking News)

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်

Rakhita Times

သံတွဲမြို့ ငပလီကမ်းခြေတကြောကို မိနစ် ၄၀ ခန့် ဗုံးကြဲခဲ့(update News)

Rakhita Times

47 comments

Leave a Comment