BusinessNewsPolitic

ရန်ကုန် စက်သုံးဆီဈေး တလီတာကို ၇၀၀၀ ကျပ် ဖြစ်လာ

အာရက္ခတိုင်းမ်စ် (၁၆ မတ် ၂၀၂၆)

စစ်ကော်မရှင်က စက်သုံးဆီ ခြိုးခြံချွေတာရေးအနေနဲ့ ဝယ်ယူခွင့်တွေကို ကန့်သတ်လိုက်ပြီး တပတ်ကျော်ကာလအတွင်း ရန်ကုန်မြို့မှာ စက်သုံးဆီ တလီတာကို ကျပ် ၇၀၀၀ အထိ ရောက်ရှိလာပါတယ်။

စက်သုံးဆီ အရောင်းဆိုင်တွေမှာ တလီတာကို ၃၀၀၀ ကျပ်ဝန်းကျင်သာ ရှိပေမယ့်လည်း လမ်းဘေးမှာ ချရောင်းတဲ့ ဆိုင်တွေမှာတော့ တလီတာကို ၇၀၀၀ ကျပ် ဖြစ်ပေါ်နေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဆိုင်ကယ်ကယ်ရီသမားတွေက ပြောပါတယ်။

တလီတာ ၇၀၀၀ ကျပ်တောင်မှ ဝယ်ချင်တိုင်း ဝယ်လို့မရ​ဘဲ သူတို့နဲ့ သိသူတွေကိုပဲ ရောင်းပေးတယ်လို့ ဆိုပါတယ်။

“ လမ်းထိပ်က ကုန်စုံဆိုင်မှာ စက်သုံးဆီရတယ်။ ကိုယ်တွေတော့ ဝယ်လို့မရဘူး။ သူတို့အသိတွေကိုပဲ ရောင်းတာ။ ကိုယ်တွေသွားဝယ်ရင် မရှိဘူး။ ဝယ်လို့ရတဲ့နေရာကျတော့လည်း တဗူး ၇၀၀၀ တဲ့။ ဆီဆိုင်မှာကျတော့လည်း လိုင်စင်ကမရှိတော့ မရ။ ဆီတွေကမရတော့ ရပ်ရတော့မယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေဟာ လိုင်စင်မဲ့တွေဖြစ်တာကြောင့် စက်သုံးဆီဆိုင်မှာ ရောင်းချတဲ့ ဆီတွေကို သွားရောက် ဝယ်ယူလို့မရ ဖြစ်နေတာပါ။

ဘာကြောင့်လဲဆိုတော့ လက်ရှိထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ ကညနက ထုတ်ပေးထားတဲ့ ယာဉ်လိုင်စင်မှာပါတဲ့ QR ကုတ်နဲ့ စက်သုံးဆီ ဝယ်ယူရမှာ ဖြစ်တာကြောင့် ဘေးတွဲဆိုင်ကယ်တွေဟာ စက်သုံးဆီဆိုင်မှာ ဆီဝယ်လို့မရဘဲ ဖြစ်နေတာပါ။

ဒါ့ကြောင့် လက်ရှိမှာ စက်သုံးဆီ တလီတာကို ငွေကျပ် ၇၀၀၀ ဖြစ်သွားတာကြောင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်တော်တော်များများမှာ ဘေးတွဲဆိုင်ကယ်တွေ မရှိသလောက် နည်းပါးသွားပြီး ရပ်ထားရတာတွေ များလာပါတယ်။

မောင်းနှင်တဲ့ ဘေးတွဲဆိုင်ကယ်တွေဟာဆိုရင်လည်း အရင်က ၁၅၀၀ ကျပ်နဲ့ ပေးရတဲ့နှုန်းထားဟာ ၃၀၀၀ ကျပ်ဖြစ်သွားတယ်လို့ သိရပါတယ်။

Related posts

AA နဲ့ KNU ကို စကမ အမှုဖွင့် အရေးယူမှု ဘာမှဖြစ်လာမှာ မဟုတ်

Rakhita Times

ကျောက်ဖြူတိုက်ပွဲရှောင်ပြည်သူတွေကို ထပ်မံလှူဒါန်းနိုင်ဖို့ အလှူငွေလိုအပ်နေ

Rakhita Times

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

Rakhita Times

Leave a Comment