BusinessNewsPolitic

ကျောက်ဖြူတိုက်ပွဲရှောင်ပြည်သူတွေကို ထပ်မံလှူဒါန်းနိုင်ဖို့ အလှူငွေလိုအပ်နေ

အာရက္ခတိုင်းမ်စ် (၂၀ သြဂုတ် ၂၀၂၅)

တိုက်ပွဲပြင်းထန်နေတဲ့ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က ဒေသခံပြည်သူတွေကို ထပ်မံကူညီနိုင်ဖို့ အလှူငွေထပ်မံလိုအပ်နေတယ်လို့ သိရပါတယ်။

“ပထမ အကြိမ်တုန်းက ယာယီခိုလှုံနေရာ ၁၄ နေရာ ရောက်ခဲ့တယ်။ အိမ်ထောင်စု ၂၇၃ စုပေါ့။ လူဦးရေး ၁၀၀၀ နီးပါးပေါ့” လို့ ကျောက်ဖြူမြို့နယ်က တိုက်ပွဲရှောင်ပြည်သူတွေကို သွားရောက်ကူညီပေးခဲ့သူ ငပလီကမ်းခြေပရဟိတအဖွဲ့မှ ကိုနီထွန်းအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ငပလီကမ်းခြေပရဟိတအဖွဲ့အနေနဲ့ ကျောက်ဖြူမြို့နယ်က တိုက်ပွဲရှောင်ပြည်သူတွေကို ပထမအကြိမ်အဖြစ် ဆန်အိတ် ၁၀၀ ကို သွားရောက်လှူဒါန်းခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် သွားရောက်လှူဒါန်းနိုင်ရန် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးခြင်း စတာတွေ လုပ်ဆောင်နေတာကြောင် ထွက်ပြေးတိမ်းရှောနေရတဲ့ စစ်ဘေးရှောင်မိဘပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေပါတယ်လို့ ငပလီကမ်းခြေပရဟိတအဖွဲ့က ဆိုပါတယ်။

“ကျနော်တို့ ဒုတိယအကြိမ်အတွက်ဆိုရင် ဆန်အိတ် ၂၀၀ လောက်မှ အဆင်ပြေဖို့၊ ပထမအကြိမ်သွားတုန်းက အိတ် ၁၀၀ ပဲ လှူနိုင်တယ်ဆိုတော့ နေရာစုံ မရောက်ခဲ့ဘူး။ နေရာ ၁၄ နေရာက အိမ်ထောင်စု ၂၇၃ စုကိုပဲ လှူနိုင်ခဲ့တယ်” လို့ ကိုနီထွန်းအောင်က ထပ်မံပြောပါတယ်။

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းလိုသူအနေနဲ့ ဆန် ၁ အိတ်ကို ၇၅၀၀၀ ကျပ်နှုန်းနဲ့ ငပလီကမ်းခြေပရဟိတအဖွဲ့ @nitunaung71 Telegram ကနေ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းလည်း သိရပါတယ်။

Related posts

ရက္ခိုင်ပြည် လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ ရာထူးကို ကြံ့ဖွံ့ယူ

Rakhita Times

စစ်တွေ ကိုရီးယားဆိပ်ကမ်းမှာ ငါးဖမ်းပိုက်တွေ ချခွင့်ပြုနေ

Rakhita Times

ဂွမြို့နယ်က စစ်ရှောင်တစ်ဦး လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး

Rakhita Times

300 comments

Leave a Comment