NewsPolitic

ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆)

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို မတ်လ ၁၇ က အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က မနက် ၈ နာရီလောက်မှာ နတ်မြစ်ဝနားကို လာပြီး ငါးခိုးဖမ်းနေကြတယ်။ တပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ကတွေ့ပြီး လိုက်ဖမ်းတာမှာ မိတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အာရက္ခကမ်းခြေစောင့်တပ်အနေနဲ့ ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန် စစ်ဆေးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေသလို အရေးယူမှု ကာလပြီးဆုံးသူတွေကိုလည်း ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

Related posts

စစ်ဘေးရှောင် အိမ်ထောင်စုတွေအတွက် စောင် နဲ့ အိုးခွက်ပန်းကန်များ လိုအပ်နေ

Rakhita Times

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

ရက္ခိုင်-ဘင်္ဂလားနယ်စပ်တွင် အကြမ်းဖက်သမားတွေက မူဆလင်မဟုတ်သူတွေကို သတ်ဖြတ်မှုလုပ်နေ

Rakhita Times

Leave a Comment