NewsPolitic

မောင်တောတွက် ကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရ

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးကို အဓမ္မပြုကျင့် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဖြစ်တာက ၁၆ ရက်နေ့က ဖြစ်တာ။ အမေက သူ့သမီးကို အိမ်မှာထားပြီး လယ်ထဲကို ငါးသွားရှာတ၊ အဲဒီအချိန်မှာ ကျူးလွန်တာ” လို့ ဒေသခံတဦးက ဆိုပါတယ်။

အဆိုပါ ကျူးလွန်တဲ့ဖြစ်စဥ်ဟာ မတ်လ ၁၆ ရက်က ရက္ခိုင်ပြည် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့အလောင်းကို တာဝန်ရှိသူတွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဒီလပ်ဌာနက သံသယတရားခံလို့ ယူဆရသူ ၃ ဦးကို ဖမ်းဆီး စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ သံသယတရားခံလို့ ယူဆရသူ ၃ ဦးထဲက အသက် ၁၄ နှစ်အရွယ် လူငယ်တဦးရဲ့ နေအိမ်အတွင်းမှာ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အဝတ်အစားတွေ နဲ့အတူ အလောင်းကို မြေမြုပ်ဖို့အတွက် ပြင်ဆင်ထားတဲ့ တူးလက်စ မြေကျင်းနေရာတခုကိုလည်း တွေ့ရှိထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သံသယရှိသူ ၃ ဦးထဲက အသက် ၁၄ နှစ်အရွယ် လူငယ်ကတော့ သူ ကျူးလွန်ကြောင်း ဝန်ခံတဲ့အတွက်ကြောင့် ဘူးသီးတောင်မြို့ ပြောင်းရွှေ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Related posts

လူထုအထိနာနေတဲ့အတွက် မြို့သိမ်းတိုက်ပွဲ အဆုံးအဖြတ် အဖြေတစ်ခုထွက်ဖို့လို

Rakhita Times

စစ်ကောင်စီရဲ့ ပြည်သူအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို သေချာစောင့်ကြည့်ပြီး တုန့်ပြန်သွားမယ်လို့ ဦးခိုင်သုခ ပြော

Rakhita Times

အိန္ဒိယကနေ တင်သွင်းတဲ့ ကုန်စည်တွေက ရက္ခိုင်ဒေသခံတွေအတွက် အခက်အခဲဖြစ်နေ

Rakhita Times

6 comments

kebetcom မတ် 19, 2026 at 2:48 မနက်

Kebetcom… yeah, it’s aight. Seen worse. Worth giving a look if you are searching. Check this kebetcom.

Reply
kkvipbet မတ် 19, 2026 at 2:49 မနက်

Kkvipbet is a decent option if you’re looking for something new. They got some cool promotions running. Check this kkvipbet out.

Reply
shbet80com မတ် 19, 2026 at 2:49 မနက်

I was messing around on SHBet80com. It is what it is. Jump on the train or don’t, whatever. You do you. Take a look shbet80com.

Reply
1xbet_eqon မတ် 19, 2026 at 2:49 မနက်

1xbet yeni adresi [url=https://1xbet-52.com/]1xbet-52.com[/url] .

Reply
Remont betona_ifOa မတ် 19, 2026 at 2:51 မနက်

ремонт бетонных конструкций монолитный [url=https://remont-betona-1.ru/]remont-betona-1.ru[/url] .

Reply
Gidroizolyaciya podvalov_ucer မတ် 19, 2026 at 3:42 မနက်

отделка подвала [url=https://gidroizolyacziya-podvalov.ru/]gidroizolyacziya-podvalov.ru[/url] .

Reply

Leave a Comment