BusinessNewsPolitic

တောင်ကုတ်ကို တရားမဝင် ပြည်ပအရက် တင်ဆောင်လာသူကို ဒီလပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၂ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို အမ်းမြို့ကနေ တေဘာကားနဲ့ တရားမဝင် ပြည်ပအရက်တွေ တင်ဆောင်လာသူတဦးကို တရားဥပဒေစိုးမိုးရီးနဲ့ပြည်သူ့လုံခြုံရေးဌာန က ဧပြီလ ၁၀ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ စစ်တပ်ထုတ် GRAND တံဆိပ် အရက်တွေကို ဖမ်းမိတာ၊ ကာလပေါက်ဈေး သိန်း ၁၀၀ ကျော်လောက် ရှိမယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တရားမဝင် ပြည်ပအရက် တင်သွင်းလာသူမှာ တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်နေ အသက် ၅၃ နှစ်အရွယ် ဦးသန်းထွန်း ဖြစ်တယ်လို့ သိရပါတယ်။

တရားမဝင် ပြည်ပအရက် တင်ဆောင်လာတဲ့ တေဘာကားကို တောင်ကုတ်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တခု ဒီလပ်တပ်ဖွဲ့ဝင်များနဲ့ အကောက်ခွန်နဲ့အခွန်ဌာနတို့ ပူးပေါင်း စစ်ဆီးရာ ကားပေါ်တွင် သယ်ဆောင်လာတဲ့ တရားမဝင် ပြည်ပထုတ် အရက်များကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးရမိတာတွေကတော့ GRAND ROYAL Signature အပြာပုလင်းကြီး (၁၂) လုံးပါ (၂၉) ဖာ (၃၄၈) လုံး၊ GRAND ROYAL Signature အပြာပုလင်းပြား (၂၄) ပြားပါ (၂၀) ဖာ (၄၈၀) ပြား၊ GRAND ROYAL Smooth ပုလင်းကြီး (၁၂) လုံးပါ (၄၁) ဖာ (၄၉၂) လုံး၊ GRAND ROYAL Smooth ပုလင်းပြား (၂၄) ပြားပါ (၂၄) ဖာ (၅၇၆) ပြား၊ GRAND ROYAL Special Reserve (a) (၁၂) လုံးပါ (၁) ဖာ (၁၂) လုံး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း (၁၁၀) ကျော်ခန့် ပါဝင်တယ်လို့ တရားဥပဒေစိုးမိုးရီးနဲ့ပြည်သူ့လုံခြုံရေးဌာနထံမှ သိရပါတယ်။

တရားဥပဒေစိုးမိုးရီးနဲ့ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ ဦးသန်းထွန်းကို (ပ) ၉ / ၂၀၂၆၊ ယစ်မျိုး ဥပဒေပုဒ်မ – ၃၀ (က) အရ အမှုဖွင့်ထားပြီး သက်သေခံပစ္စည်းတွေကိုတော့  ဒီလပ်ဌာနမှ  သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

Photo – Arakan Princess Media

Related posts

AA က အခြားတိုင်းရင်သားအဖွဲ့နဲ့ ကွဲပြားပြီး ရက္ခိတလမ်းစဉ်ကို ဖော်ဆောင်နေ

Rakhita Times

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် ဆက်လက်တိုက်ပွဲဝင်ရန် မင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်း ၄၄ ဖွဲ့ သန္နိဌာန်ပြု

Rakhita Times

အရပ်သားပြည်သူများကို သတ်ဖြတ်နေတဲ့ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေကြောင့် မောင်တောမြောက်ပိုင်းဒေသခံများ လုံခြုံရေး စိုးရိမ်နေရ

Rakhita Times

Leave a Comment