NewsPolitic

စကမက စစ်သင်တန်းဆင်းတွေကို နဖူးနဲ့ပါးမှာ တက်တူးထိုးပြီး ရှေ့တန်းပို့ခံနေရလို့ AA ထံ ထွက်ဆို

အာရက္ခတိုင်းမ်စ် (၁၂ ဧပြီ ၂၀၂၆)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က ကပစ ၁၆ ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေက ရှေ့တန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်မှုတွေကို အာရက္ခတပ်တော်ထံ ထုတ်ဖော် ဝန်ခံထားပါတယ်။

စစ်ကော်မရှင်က ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့နယ်အချို့ကနေ ပေါ်တာဆွဲပြီး ကပစ ၁၆ စစ်မြေပြင်ကို ပို့လိုက်သူတွေက ထွက်ပြေး အလင်းဝင်လာကြပြီး ထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေရဲ့ ထုတ်ဖော်ဝန်ခံချက်ကို အာရက္ခတပ်တော်က ဧပြီလ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထွက်ပြေးသူတွေကို ပြန်ဖမ်းမိရင် တပ်ရင်းနံပတ်တွေကို နဖူးမှာ တက်တူးထိုးပြီး ပါးမှာ စစ်ပြေးဆိုပြီး တက်တူးထိုးခံရတယ်လို့ အလင်းဝင် စစ်မှုထမ်းတွေက ဆိုပါတယ်။

“ကျနော်တို့ကို အိမ်လည်း ပြန်လို့မရ​အောင်၊ အိမ်မှာလည်း ​နေလို့မရအောင် ဒီလိုမျိုး​တွေ ထိုး​ပေးထားတာ ဖြစ်ပါတယ်။ ဒီလို တပ်ရင်းနာမည်​တွေ ထိုးလိုက်​တော့ သူတို့လည်း အလွယ်တကူ ဖမ်းရတယ်။ ကျနော်တို့ကိုလည်း မြို့​ပေါ်မှာ အလွယ်တကူ ​နေမရ​အောင် ထိုင်လို့မရ​အောင် ကျနော်တို့ကို လုပ်ပါတယ်။​နောက်ထပ် ထွက်မ​ပြေး​အောင်လည်း ​ရှေ့ပွိုင့်ကို ပို့လိုက်ပါတယ်” လို့ မန္တ​လေးမြို့ တွင် ​ပေါ်တာဆွဲခံရပြီး ထွက်​ပြေးလို့ဆိုပြီး စစ်ကော်မရှင်တပ်က နဖူးမှာ တပ်ရင်းအမည် ​တက်တူးရေးထိုး​ပေးခံရတဲ့ တပ်သား​​ကျော်မိုးဝင်းက ​ပြောပါတယ်။

ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်း နယ်စပ် ပန်းတောင်းမြို့က ၆၆၆ ပွိုင့်ကုန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှာ သိမ်းယူခဲ့ပါတယ်။

လက်ရှိမှာ ကပစ (၁၆) အနီးမှာရှိတဲ့ မသုန်၊ ပန်းကန်ကွဲနဲ့ ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related posts

ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပေါ် TNLA ရှုတ်ချ

Rakhita Times

မုဒိန်းမှု တရားခံကို ထိရောက်စွာ အပြစ်ပေး၊ အရေးယူပေးရန် အရွယ်စုံ Arakanese Ladies တောင်းဆို

Rakhita Times

သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမှာ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စကမ ဝန်ခံ

Rakhita Times

536 comments

Leave a Comment