NewsPolitic

ငဖဲ – စေတုတ္တရာကားလမ်းမပေါ်က စကမ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်း

အာရက္ခတိုင်းမ်စ် (၁၂ ဧပြီ ၂၀၂၆)

မကွေးတိုင်း စေတုတ္တရာမြို့နယ်က စစ်ကော်မရှင်တပ် ဂိတ်စခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ရဲ့ တပ်သားအင်အား ၃၀ကျော်နဲ့ တပ်စွဲထားတဲ့ ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က ကင်ပွန်းခြုံကျေးရွာဂိတ်စခန်းကို ဧပြီလ ၁၀ရက် မနက် ၅နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

“တိုက်ပွဲက နှစ်နာရီခွဲလောက် ကြာတယ်။ အဲအချိန်မှာ ရန်သူ ၈ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ အများအပြားရှိတယ်။ MA ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ခဲယမ်းအချို့ ရရှိခဲ့တယ်” လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ဆိုပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) နဲ့ အတူ CDF – Asho၊ လူ့ဘောင်သစ်တပ်မတော် (NSA)၊ မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်း စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ငဖဲမြို့နယ်နဲ့ ထိစပ်နေတဲ့ စေတုတ္တရာမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ထုတ်တဲ့ (ကပစ ၂၀) စက်ရုံ အခြေစိုက်ထားပြီး စစ်ကော်မရှင်တပ်သားနဲ့ ပျူစောထီး အင်အား (၄၀၀) ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

Related posts

တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကော်မရှင်ကြောင့် ရက္ခိုင်က ကလေးငယ် ၁၈၄ ဦး သေဆုံးခဲ့

Rakhita Times

ကျောက်ဖြူကို အထိအခိုက် အနည်းဆုံးဖြစ်အောင် AA ကြိုးစားနပုံရ

Rakhita Times

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၄)

Rakhita Times

Leave a Comment