NewsPolitic

စနဲမြို့ကို စကမ ဒရုန်းနဲ့ဗုံးကြဲ၊ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွား

အာရက္ခတိုင်းမ်စ် (၁၉ မေ ၂၀၂၆)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ် စနဲမြို့ကို စစ်ကော်မရှင်က ဒီကနေ့ နေ့လည်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွားတယ်လို့ သိရပါတယ်။

“စနဲမြို့ ရွှေဟင်္သာရပ်ကွက် ကို စကစ ဒရော့ဗုံးကြဲလို့ စာသင်ကျောင်း အပါဝင် ရွာလုံးနီးနီး မီးလောင်ပျက်စီးခဲ့ပါတယ်” လို့ စနဲမြို့ဒေသထံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီး ရေတပ်စခန်းဌာနချုပ်ကနေ ရမ်းဗြဲမြို့နယ် စနဲဖက်ကို စစ်ကော်မရှင်က စစ်ကြောင်းထိုးနေလို့ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

လက်ရှိမှာတော့ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီး ရေတပ်စခန်းဌာနချုပ်ဖက်ကို အာရက္ခတပ်တော်က တန်ပြန် ပြန်လည် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“စကမ ဖက်က အကျအဆုံးများနေတော့ ရေတပ်က ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်တာ များလာတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ကူတွေ ပေးနေတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

Related posts

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် ပြည်သူတွေလိုလားနေ

Rakhita Times

ရက္ခိုင်ကိုပို့မယ့် ဘိလပ်မြေအိတ် ၈၅၀ ကို ဘင်္ဂလားဒေ့ချ်ရေတပ် ဖမ်းဆီး

Rakhita Times

ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးအပေါ် ပြည်သူတွေ ယုံကြည်မှုမရှိ‌

Rakhita Times

23 comments

Leave a Comment