EnvironmentNewsPolitic

“ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်း စတင်

အာရက္ခတိုင်းမ်စ် (၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စိမ်းလန်းသာယာစေရေးအတွက် “ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းကို ဒီကနေ့ ဇွန်လ ၁ ရက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု” နဲ့ “ သစ်တောပြုန်းတီးမှု” စွမ်းအင်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မိုးရာသီ အပင်စိုက်ပျိုးရေး လှုပ်ရှားမှုများတွင် ရက္ခိုင်ပြည်သူ တဦးတယောက်ချင်းစီ တက်ကြွစွာ ပါဝင်ကြရန် “Green Arakkha စိမ်းလမ်းသော အာရက္ခပြည်” စီမံကိန်း လက်ကမ်းစာစောင်များ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။

အဆိုပါ လက်ကမ်းစာစောင်တွင် “ အာရက္ခဒေသတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သစ်တောပြုန်းတီးမှု စွမ်းအင်လိုအပ်ချက်တို့ကို ကိုင်တွယ်ဖြေရှင်းရန် အာရက္ခ ပြည်သူ ပြည်သားများရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသလို ဂေဟစနစ် ပြန်လည်ထူထောင်ရန်၊ ဒေသအကျိုးပြု သစ်ပင်စိုက်ပျိုးနည်းဗျူဟာနဲ့ အာရက္ခ ပြည်တွင်းရှိ လူမှုအသိုက်အဝန်းအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု ရှိလာစေရန်နဲ့ စိမ်းလန်းစိုပြည် သာယာလှပတဲ့ အာရက္ခပြည် ဖြစ်ထွန်းလာစေရန်အတွက် ပြည်သူတဦးချင်းစီရဲ့ စည်းလုံးညီညွတ်မှုကို လိုအပ်လျက် ရှိတယ်” လို့ ဖော်ပြထားပါတယ်။

ပထမအဆင့်အနေနဲ့ မိမိတို့ရဲ့ နေအိမ်နဲ့ ခြံဝင်းတွေမှာ စိုက်ကြရမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ မိမိတို့ရဲ့ ရပ်ရွာများတွင် စိုက်ပျိုးကာ တတိယအဆင့်အနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပါတီ၊ အစိုးရ ဌာနဆိုင်ရာအားလုံး ပူးပေါင်းပြီး စိုက်ပျိုးကြမယ်လို့ သိရပါတယ်။

“ မိုးရာသီဟာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုး သက်ရောက်မှုများကို လျော့နည်းစေရန်နဲ့ အနာဂတ်မျိုးဆက်သစ်များအတွက် သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေး အပင်စိုက်ပျိုးရန် အကောင်းဆုံး အချိန်အခါ ဖြစ်တယ်” လို့ စာစောင်မှာ ဖော်ပြထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက ပြည်သူလူထုများအ‌နေနဲ့လည်း အများအကျိုးအတွက် ရည်ရွယ်ပြီး စိမ်းလန်းစိုပြေတဲ့ ဒီရေတောများနဲ့ သစ်တောများ ဖြစ်ထွန်းလာစေရေးအတွက် သစ်ပင်များ စိုက်ပျိုးလိုပါက ဇွန်နဲ့ ဇူလိုင်လများတွင် မျိုးပင်များ အခမဲ့ လာယူနိုင်ပါတယ်လို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။

Related posts

သံတွဲမြို့ကို စစ်ကောင်စီမှ ဗုံး ၂ လုံး လာကြဲ

Rakhita Times

နှစ်သစ်မှာ အာရက္ခ အိမ်မက်ကို လုံးဝ အကောင်အထည်နိုင်မယ်ဟု ပြော

Rakhita Times

မြို (ခမိ) စာပေဖော်ထုတ်ခဲ့သူ ဦးကျော်သာအောင် ကွယ်လွန်

Rakhita Times

Leave a Comment