EducationNewsPolitic

တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့သူတွေကို ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဂုဏ်ပြုဆုပေးအပ်

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)

တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သူတွေကို ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဂုဏ်ပြုဆု ပေးအပ်ခဲ့တယ်လို့ အဖွဲရဲ့ ဒါရိုက်တာဖြစ်သူ ဦးခင်မောင်ဆန်းက ဆိုပါတယ်။

အဆိုပါ ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ဟာ ရက္ခိုင်ပြည်အတွင်းက နွမ်းပါးတဲ့ ကလေးငယ်တွေကို အခမဲ့ ပညာသင်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

သူတို့ ပညာသင်ကြားပေးခဲ့တဲ့ Grade 11 ကျောင်းသား/သူ ၁၇ ဦးအနက် သုံးဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၄ ဦး ပါဝင်ပြီး ကျန် ၅ ဦးလည်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

“အဖွဲ့ဝင်တွေ အားလုံးရဲ့ ကိုယ်စား ပြောရရင်တော့ ကိုယ်စိုက်ပျိုးထားတဲ့ ပန်းပွင့်လေးတွေ အောင်အောင်မြင်မြင်နဲ့ ဖူးပွင့်လာတာ တွေ့ရတော့ အရမ်း ပီတိဖြစ်ရပါတယ်။ သူတို့လေးတွေကို ပညာသင်ပေးပြီး ပင်ပန်းခဲ့ရတာတွေ၊ ရုန်းကန်ခဲ့ရတာတွေဟာ အပင်ပန်းခံရကျိုး နပ်လှပါတယ်။ ပြီးတော့ သူတို့လေးတွေ အောင်မြင်တာကြည့်ပြီး နောက်ထပ် အခက်အခဲရှိတဲ့ ကျောင်းသား/သူတွေကို ကြိုးစားပြီး ပညာသင်ဖို့ အားအင်လဲ ထပ်ရပါတယ်ဗျ” လို့ ဦးခင်မောင်ဆန်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ကို၂၀၁၇ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ်ကတည်းကစကာ နွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လျှောက်လွှာ ခေါ်ယူပြီး နှစ်စဉ် အခမဲ့ ပညာ သင်ကြားပေးလျက် ရှိပါတယ်။

အခမဲ့ ပညာ သင်ကြားပေးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနက် ၂ဝ၁၉-၂ဝ၂၀ ပညာသင်နှစ်မှာ သုံးဘာသာ ဂုဏ်ထူးရှင် ၁ ဦး နဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁ ဦး နဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် ၁ ဦးတို့ ထွက်ပေါ်ခဲ့ပါတယ်။

Related posts

ရက္ခိုင်စစ်ရှောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် မျက်စိခွဲစိတ်ကုသပေး

Rakhita Times

PDF ထောက်ပံ့စရိတ် ကန်ဒေါ်လာ ၂၅သန်း သုံးစွဲထားပေမယ့် အညာဒေသဘက်မရောက်

Rakhita Times

စစ်တွေဆိပ်ကမ်းမှာ ကုန်တင်/ကုန်ချကို စစ်တွေမှတ်ပုံတင်ရှိသူပဲ လုပ်ကိုင်ခွင့်ရ

Rakhita Times

Leave a Comment