NewsPolitic

ရက္ခိုင်ရေဘေးအတွက် 96 Soldiers PDF တပ်ဖွဲ့ ၁၀ သိန်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၆ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က ရေဘေးသင့်ပြည်သူတွေအတွက် 96 Soldiers PDF တပ်ဖွဲ့ က ငွေကျပ် ၁၀ သိန်းကို စာရေးဆရာ ဝေဟင်အောင်ကတဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“96 Soldiers PDF တပ်ဖွဲ့က ရက္ခိုင်ရေဘေးသင့် ပြည်သူတွေအတွက် အလှူငွေ ၁၀သိန်းကို ကျနော်တို့ထံကတဆင့် လှူဒါန်းပေးထားပါတယ်။ 96 Soldiers PDF က ရဲဘော်ရဲဘက်များကို ကျေးဇူး အထူးတင်ရှိပါတယ်။ 96 Soldiers PDF အနေနဲ့လည်း လိုရာပန်းတိုင်ကို အရင်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

ဇူလိုင်လဆန်းက စတင်ကာ ရက္ခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းလို့ မြို့ယ် ၈ ခုထက်မနည်း ရေးကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါကဲ့သို့ ရေကြီးရေလျှံမှုကြောင့် ရေးဘေးဒဏ်သင့် ရက္ခိုင်ပြည်သူတွေအတွက် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF ကလည်း ငွေကျပ် သိန်း ၅၀ ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကတဆင့် လှူဒါန်းခဲ့ပါတယ်။

အလားတူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ကလည်း ငွေကျပ် ၁၀ သိန်း၊ ကချင်တိုင်းရင်းသူ အဆိုတော် မိုင်းမိုင်ဆိုင်း က ငွေကျပ် သိန်း ၂၀ နဲ့ စောမဲကျီဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်တွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မယ်

Rakhita Times

စစ်အုပ်စုက အရင်အစိုးရတွေလို ဒုက္ခကနေ ကျော်ထွက်နိုင်မယ်မထင်ဘူး

Rakhita Times

သံတွဲမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်လို့ နေအိမ် ၄၅ လုံးခန့် ပျက်စီး

Rakhita Times

Leave a Comment