NewsPolitic

သံတွဲကို ရွေတုအစိုးရ ဗုံးကြဲ၊ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ ညနေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကြဲတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်သွားတယ်။ ၄ ယောက်တော့ ဒဏ်ရာ ရသွားတယ်။ အိမ်တချို့လည်း ပျက်စီးသွားတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ သံတွဲမြို့ပေါ်က အမှတ် ၃ ရပ်ကွက်ကို ညနေ ၄ နာရီ ၆ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၁၃ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ်နဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အထက်ပါကဲ့သို့ တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကတော့ သံတွဲမြို့ အမှတ် ၃ ရပ်ကွက်နေ အသက်၂၈ နှစ်အရွယ် မထက်ထက်မြတ်၊ အသက် ၃၃ နှစ် အရွယ် မဆောင်းသဇင်၊ အသက် ၃၃ နှစ်အရွယ် မောင်သက်ဝေအောင်နဲ့ အသက် ၄၇ နှစ် အရွယ် ဦးထွန်းနိုင်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

“ကျတာက ဦးဥတ္တမလမ်းနဲ့ သစ္စာလမ်းထောင့်ရယ်၊ ပြီးတော့ ဗိုလ်ချုပ်လမ်းပေါ်ကျတယ်။ ဦးချိုကြီး အိမ်နဲ့ ဒေါ်စောကြည် အိမ်က တော်တော်လေး ပျက်စီးသွားတယ်” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အလားတ ရွေးတုအစိုးရဟာ တောင်ကုတ်မြို့နယ် မအီမြို့ကိုလည်း ဒီကနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
Photo-APM

Related posts

ရက္ခိုင်-ဘင်္ဂလားနယ်စပ်တွင် အကြမ်းဖက်သမားတွေက မူဆလင်မဟုတ်သူတွေကို သတ်ဖြတ်မှုလုပ်နေ

Rakhita Times

BPLA သင်တန်းဆင်ပွဲ AA တပ်မှူး တက်ရောက်

Rakhita Times

စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူတွင် မိုးသက်လေပြင်းနဲ့အတူ မိုးအလွန်ကြီးနိုင်

Rakhita Times

252 comments

Leave a Comment